
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် မယ့်ဆာ ဆင်စခန်းက ဆင်ထိန်း တစ်ဦးဟာ သူ့ဆင်ရှေ့မှာ မူးလဲချင် ဟန်ဆောင်ပြ ခဲ့တာမှာ ဆင်က စိုးရိမ် တကြီးနဲ့ ရောက်လာတဲ့ ပုံကို ရိုက်ပြ ထားတဲ့ ဗွီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ပါတယ်။
နောက်ထပ် ကလစ် တစ်ခုကတော့ ဆင်ထိန်းကို လူတယောက်က ရောက်လာပြီး အကြမ်းဖက် သွားတဲ့ပုံ လုပ်ပြရာမှာ အဲဒီဆင်က အပြေးကလေး ရောက်လာပြီး ဆင်ထိန်းကို ဘာဖြစ် သွားသေးလဲ၊ ဘယ်နာ သွားလဲ ဆိုတဲ့ ပုံစံ လုပ်နေတဲ့ပုံ ဖြစ်ပါတယ်။
ဆင်တွေဟာ မုန်ယိုလာရင် လူတွေကို သေစေ လောက်အောင် အန္တရာယ်ပြုတတ် တယ်လို့ ပြောဆိုနေ ကြပေမယ့်လည်း သူတို့မှာလည်း အကြင်နာ တရားရှိတယ် ဆိုတာကို ဆင်ထိန်းက အဲဒီ ဗွီဒီယို ကလစ်နဲ့ သက်သေပြ လိုက်ပါတယ်။
ရုပ်သံ – ThaiPBS
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114014






No comments: