မက္ကဆီကန် လူမျိုး မိခင် တစ်ဦးဟာ သူ့ရဲ့ကလေးကို တိတ်တွေနဲ့ ချည်ပြီး ပါးစပ်ကိုလည်း တိတ်နဲ့ ပိတ်ခဲ့ ပါတယ်။ ဓာတ်ပုံတွေ ရိုက်ပြီး Facebook ပေါ်ကို လည်း တင်ခဲ့ ပါတယ်။ ဆော့တာလို့လည်း ပြောပါတယ်။
ဓာတ်ပုံကို အခုလ အစောပိုင်းက Facebook ပေါ် တင်ခဲ့ တာပါ။ မိခင်ဖြစ်သူရဲ့ နာမည်ကတော့ Rosa Margarita Pichardo Sotelo ဖြစ်ပြီး မက္ကဆီကို အနောက်မြောက်ပိုင်းTujuana မြို့မှာနေပါတယ်။
သူဟာ ဓာတ်ပုံ တင်တုန်းက Public ထားမိတယ် ဆိုတာကို သတိ ထားမိပုံ မပေါ်ပါဘူး။ အဲဒီ အတွက် Facebook အသုံးပြု သူတွေကြားမှာ တဆင့်တဆင့် share ကြရင်း ပျံ့နှံ့သွား ခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ပြည်တွင်း မီဒီယာ တစ်ခုကနေ ထုတ်လွှင့် ခဲ့ပါတော့တယ်။
ဒီပုံက Rosa ရဲ့သား Gerardo ပါ။ သူ့အမေနဲ့ အတူ ရိုက်ထားတဲ့ နောက်တစ်ပုံပါ။ ဒီကလေးရဲ့ လက်တွေနဲ့ ပါးစပ်ကို မီးခိုးရောင် ရေစိုခံ တိတ်နဲ့ ချည်နှောင်တာ၊ ကပ်ပိတ်တာ ခံခဲ့ရ တာပဲဖြစ်ပါတယ်။ ကလေးနဲ့ မိခင်ဖြစ်သူရဲ့ အသက်တွေကိုတော့ သတင်းထုတ်ပြန် ထားခြင်း မရှိပါဘူး။
‘ကျွန်မကလေးတွေ အခြေအနေ ကောင်းပါတယ်၊ ပြီးတော့ ဒီဓာတ်ပုံက ကျွန်မကိုမုန်းတဲ့ သူတစ်ယောက်ယောက် ကနေ ကမ္ဘာကြီးကို ပုံနှိပ်ပြလိုက်တာပါ။ ကျွန်မ ဒီပုံကို တင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အများက ထင်သလို မဟုတ်ပါဘူး။ ကျွန်မတို့က ဆော့နေကြတာပါ။ ကျွန်မနဲ့ အတူ တစ်မိသား စုလုံးလည်း ရှိနေပါတယ်။
နာကျင်အောင် လုပ်ခဲ့တာ တစ်ခုမှ မရှိပါဘူး။’ လို့ Rosa က Facebook ကတဆင့် ပြန်ဖြေခဲ့ပြီး ဓာတ်ပုံကိုလဲ ဖျက်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှု တစ်ရပ်အနေနဲ့ ဘာဖြစ်ခဲ့တယ် ဆိုတာကို သေသေချာချာ သိရအောင် သူတို့ရဲ့ ဒုတိယ သားငယ်လေးကို စိတ်ပညာ စစ်ဆေးမှုတွေ ပြုလုပ် သွားမယ်လို့ အာဏာပိုင်
တွေက ပြည်တွင်း မီဒီယာကို ပြောခဲ့ပါတယ်။
Original link - http://knowledge.thithtoolwin.com/2015/10/blog-post_16.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments: