အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 19, 2015

ရင်သားကင်ဆာ ရန်ပုံငွေ အတွက် ပြသထားတဲ့ ပန်းရောင် အတွင်းခံတွေ ခိုးခဲ့တဲ့ သူခိုး




ကား ရေဆေး လုပ်ငန်း တစ်ခုက ၀န်ထမ်းတွေဟာ ၁၅ ပေ အမြင့်ရှိတဲ့ သံတိုင်တွေကို ကျော်ဖြတ်ပြီး ရင်သားကင်ဆာ အလှုငွေ အတွက် ပါဖောမန့်စ် ပြသထားတဲ့ ဘရာစီယာ တွေနဲ့ အောက်ခံ ဘောင်းဘီတွေ ခိုးယူသွားတဲ့ သူခိုးကို လိုက်လံ ရှာဖွေနေ ကြပါတယ်။

Lancashire ပြည်နယ် ၊ Penwortham မြို့မှာ ရှိတဲ့ Pristine ကားရေဆေး လုပ်ငန်းက ၀န်ထမ်းတွေဟာ တစ်မြို့လုံးအနှံ့မှာ ကျင်းပနေတဲ့ ရင်သားကင်ဆာ ရန်ပုံငွေ အတွက် အလှုငွေ ကောက်ခံဖို့ ပန်းရောင် အမျိုးသမီး အောက်ခံ ၀တ်စုံတွေကို ပါဖောမန့်စ် တစ်ခုသဖွယ် အလှဆင် ထားတာ ဖြစ်ပါတယ်။



ဒါပေမယ့်လည်း နောက်နေ့ မနက် အလှုငွေ ကောက်ခံမယ့် အချိန်မှာတော့ ပါဖောမန့်စ် အဖြစ် အလှဆင်ထားတဲ့ အမျိုးသမီး အတွင်းခံတွေ အားလုံး အခိုးခံ လိုက်ရတာကို သိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ၀န်ထမ်းတွေဟာ CCTV ကတဆင့် ခြေရာခံကြည့်တဲ့ အခါမှာတော့ သောကြာင်္နေ့ မနက် ၂ နာရီခန့်က အမျိုးသား တစ်ယောက်ဟာ ၁၅ပေ အမြင့်ရှိတဲ့ သံတိုင်တွေကို ကျော်ခွ တက်ခဲ့ပြီး ထို အတွင်းခံ တွေကို ခိုးယူခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ၀န်ထမ်းတွေဟာ အတွင်းခံ သူခိုး ဘယ်သူလည်း ဆိုတာကို သိနိုင်ဖို့ ကြိုးစားနေ ကြပါတယ်။ ကားရေဆေး လုပ်ငန်း ရဲ့ ပိုင်ရှင် Craig Halsall က Lancaster Evening Post သတင်းဌာန ကို ပြောပြခဲ့ တာကတော့ "ငါတို့ CCTV ကတဆင့် ကြည့်တဲ့ အခါမှာ ၊ မနက် ၂ နာရီ တုန်းက အမျိုးသား တစ်ယောက် ကားပါကင် ဘက်ကနေ ချဉ်းကပ်လာပြီး သံတိုင်တွေကို ကြောင်တစ်ကောင်လို ကျော်ပြီး အတွင်း ခံတွေကို ခိုးသွားတာ တွေ့ ရပါတယ်။

ဒါဟာ ရန်ပုံငွေ ရှာဖွေပွဲ စကာနီးမှာ ဖြစ်သွားတာပါ။ အဲဒီအတွက်တော့ ငါတို့ အရှုံးမပေးပါဘူး။ ဒီထက်ပိုကောင်းပြီး ပိုမို ကြီးမားတဲ့ ပြသမှု ကို တင်ဆက်သွားမှာပါ" လို့ ဆိုပါတယ်။

ဒီ အတွင်းခံပန်းရောင်တွေ ချိတ်ဆွဲတဲ့ လှုပ်ရှားမှု ဟာတော့ Pink Campaigners ဆိုတဲ့အဖွဲ့က ဦးဆောင်ပြီး Paint Penwortham Pink Campaign အစီအစဉ် ရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ထိုလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက် ကတော့ ရင်သား ကင်ဆာအတွက် သတိပေးမှုနဲ့ ရန်ပုံငွေ မြင့်တက်လာဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် Penwortham မြို့မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက ထို Campaign ကို ကူညီတဲ့ အနေနဲ့ ပန်းရောင် အတွင်းခံတွေ ချိတ်ဆွဲ အလှဆင်ပြီး ရန်ပုံငွေ ကူညီပြီး ရှာဖွေပေးနေ ကြတာ ဖြစ်ပါတယ်။

"ဒါဟာ အဖျက်အမှောင့် လုပ်ရပ်ကို ဖန်တီး သွားတာလို့ ကျွန်တော် မထင်ဘူး။ ကျွန်တော်ထင် တာကတော့ ပန်းရောင် အတွင်းခံတွေနဲ့ ပတ်သက်ပြီး စိတ်ခံစားချက် တစ်ခုခု ရှိတဲ့ ဦးနှောက် မရှိတဲ့ သောက်ရူး တစ်ယောက်ပဲ ဖြစ်ရမယ်" လို့ ထို ကားရေဆေး လုပ်ငန်းက ၀န်ထမ်း တစ်ယောက်ဖြစ်တဲ့ Louise Pratt က ဆိုပါတယ်။

Ref : Mirror

Original link -

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...