အချစ်နဲ့ ပတ်သက်ရင် အလွန်အမင်း ကဗျာဆန် ချင်တဲ့ အမျိုးသား တစ်ယောက်ဟာ သူ့ရဲ့ ချစ်သူ ကောင်မလေးထံ နှင်းဆီပန်း အပွင့် ၁၀၀၀ ကို လက်ဆောင် အဖြစ် ပေးပို့ ခဲ့ပါတယ်။
အမည် မဖော်လိုသူ ထို ရိုမီယိုလို ပုဂ္ဂိုလ်ဟာ Uzbekistan နိုင်ငံ အရှေ့တောင်ပိုင်းက Tashkent မြို့မှာရှိတဲ့ သူ့ရဲ့ ချစ်ရသူ ကောင်မလေးထံ အနီရောင်နဲ့ အဖြူရောင် ပါတဲ့ နှင်းဆီပွင့်ပေါင်း မြောက်များစွာ စုစည်းထားတဲ့ လက်ဆောင်ကို ပေးပို့ လိုက်ပါတယ်။
ထို လက်ဆောင်ဟာ အရမ်း ကြီးမားလွန်းတဲ့ အတွက် လူ ၄ ယောက်က ၀ိုင်းဝန်း သယ်ဆောင်ပြီး ထရပ်ကား နောက်ခန်းမှာ တင်ဆောင်ကာ ထို အမျိုးသမီး ရဲ့ နေအိမ်ကို ပေးပို့ခဲ့ ရပါတယ်။
ဒါပေမယ့်လည်း လက်ဆောင် သွားပေးတဲ့သူတွေဟာ ထို လက်ဆောင် ပစ္စည်းကို နေအိမ်တိုက်ခန်းရဲ့ အပြင်ဘက်မှာပဲ ထားခဲ့တဲ့ အတွက် ဖြတ်သွားဖြတ်လာတွေက ဓါတ်ပုံ ရိုက်ယူ ထားကြပြီး အွန်လိုင်းမှာ ဝေမျှ ခဲ့ကြပါတယ်။
ထို ပန်းပွင့်တွေ စုစည်းထားတဲ့ လက်ဆောင်ဟာ စတာလင်ပေါင် ၂၄၀၀ ခန့် တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပြီး ထို လက်ဆောင် ဖြစ်မြောက်လာဖို့အတွက်တော့ ပန်းအလှဆင် ပညာရှင်တွေ အတွက်တော့ ရက်ပေါင်းများစွာ အချိန်ယူပြီး တည်ဆောက် ခဲ့ရမယ်ဆိုတာ သေချာပါတယ်။
ထို ပို့ဆောင်ပေးခဲ့တဲ့လက်ဆောင်ရဲ့ ဓါတ်ပုံဟာ Drivers of Tashkent ဆိုတဲ့ Facebook Group ထဲမှာ တင်ခဲ့ပြီးတဲ့နောက်မှာ Like အရေအတွက် ထောင်ပေါင်းများစွာကို ရရှိသွားစေ ခဲ့ပါတယ်။
ထို အချစ်ရူးရဲ့ ဂျူလီယက် ကတော့ ဘယ်လို တုံ့ပြန်ဦးမလဲဆိုတာ မသိပေမယ့်လည်း သေချာတာကတော့ သူမအနေနဲ့ ထို ပန်းပွင့်စုစည်းမှု လက်ဆောင်ကြီးကို အိမ်ထဲ သယ်ဆောင် သွားဖို့အတွက် ဆန့်မှာ မဟုတ်ပါဘူး။ Vkontake ဆိုတဲ့ လူမှု ကွန်ရက် သုံးစွဲသူအချို့ကတော့ သူ့ကို ပိုက်ဆံ ဖြုန်းတီး နေတယ်လို့ ဆိုကြပါတယ်။
အချို့အမျိုးသမီးတွေကတော့ သူ့ကို လက်ဆောင်ပေးမယ်ဆိုလည်း လက်စွပ် ကဲ့သို့သော အခြား တန်ဖိုးရှိတဲ့ အရာတွေက ပိုပြီး အသုံးဝင်လိမ့်မယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒီ ပန်းပွင့်တွေကို ခိုးယူမယ့်သူမရှိပေမယ့်လည်း လက်ဆောင်ရခဲ့တဲ့ အမျိုးသမီးကတော့ တိုက်ခန်း နဲ့ မဆန့်နိုင်တဲ့အတွက် အခုထိ အိမ်အပြင်ဘက်မှာ ဆက်လက် ထားထား ရတယ်လို့ သိရပါတယ်။
Original link - http://knowledge.thithtoolwin.com/2015/10/blog-post_20.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments: