အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

အကျဉ်းသား ၆၀၀၀ လွတ်ငြိမ်းချမ်းသာပေးမှု သမိုင်းတွင်




အောက်တိုဘာ လကုန်မှာ ဗဟို အစိုးရ အကျဉ်းထောင် တွေကနေ အကျဉ်းသား ၆၀၀၀ နီးပါး လွတ်ပေးဖို့ အတွက် တရား ဥပဒေ စိုးမိုးရေး ၀န်ကြီး ဌာနက စီစဉ်နေ ပါတယ်။

အကျဉ်းထောင် လူဦးရေ ထူထပ်မှုကို လျှော့ချင်တာ ဖြစ်ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေမှာ အကြမ်း မဖက်ခဲ့တဲ့ မူးယစ်ဆေးဖြန့် သူတွေကို ပေးထားတဲ့ အပြစ်တွေကို ဖြေလျှော ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကျဉ်းသားတွေရဲ့ သုံးပုံတစ်ပုံဟာ စာရင်း မ၀င်တဲ့ အခြေချ နေထိုင်သူတွေ ဖြစ်ပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးမှာပါ။ သူတို့တော်တော် များများဟာ ထင်ရှားတဲ့ ဥပဒေ ချိုးဖောက်မှုတွေ လုပ်ခဲ့တာကြောင့်ပါ။

ယခုလို ဗဟိုအစိုးရ အကျဉ်းထောင် ကနေ အကျဉ်းသား ၆၀၀၀ နီးပါးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှုဟာ အမေရိကန် သမိုင်းမှာတော့ အကြီးမားဆုံး လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

ကိုကင်းဖြန့်မှုလိုမျိုး မူးယစ် ဥပဒေ ချိုးဖောက်မှု အတွက် ကြမ်းတမ်းတဲ့ ပြစ်ဒဏ် ချမှတ်ထားတာ ဆယ်စုနှစ်ပေါင်း ကြာခဲ့တဲ့ အကျဉ်းသား များစွာကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာဟာ အတိုက်အခံ နှစ်ပါတီလုံးရဲ့ သဘော တူညီချက်နဲ့ပါ။

“တရားဥပဒေ အတိုင်း ဖြစ်တယ် ဆိုတော့ ဒီကနေ့ ထုတ်ပြန်မှုဟာ သိပ်တော့ စိတ်လှုပ်ရှားစရာ မရှိပါဘူး။ ကျရှုံးခဲ့တဲ့ မူးယစ် စစ်ပွဲကနေ ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ သူတို့ရဲ့ဘ၀တွေကို ထောင်ထဲမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံး ခဲ့ပြီးပါပြီ။” လို့ အကြီးတန်း ဥပဒေပြု ကောင်စီဝင် Jesselyn McCurdy ကပြောခဲ့ ပါတယ်။

“မူးယစ်စစ်ပွဲက မိသားစုတွေနဲ့ လူအသိုင်းအ၀ိုင်းကို မွှေနှောက် ဖျက်စီးခဲ့ပြီးပြီ။ ကုသမှုကို စဖို့ အချိန်တန်ပြီ။” လို့ မူးယစ်မှုနဲ့ သံတိုင်တွေနောက်မှာ ၁၂နှစ်တာ ဖြတ်သန်းလာခဲ့တဲ့ Mr. Papa ကပြောခဲ့ ပါတယ်။

( Skyler ) သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_8.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...