အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

၁၁ပတ်သား ကလေးကို ၁၈ပိုင်း ကျိုးပြီးသေတဲ့အထိ ကိုင်လှုပ်တဲ့ ဖခင် ထောင် ၉ နှစ်ကျ




အသက် ၂၂ နှစ်ရှိ လူငယ် ဖခင် တစ်ဦးဟာ ၁၁ ပတ်သားသာ ရှိသေးတဲ့ သားငယ်ကို ခပ်ကြမ်းကြမ်း ကိုင်လှုပ် ရာကနေ သားငယ်ဟာ သေဆုံး သွားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်သွား ခဲ့ပါတယ်။ ဆရာဝန်တွေ ဆီက ထွက်လာတဲ့ ဆေးစစ်ချက် အရ ကလေးမှာ ကျိုးအက် ဒဏ်ရာ ၁၈ခု ရှိခဲ့တယ်လို့ သိရပါတယ်။

နုနုငယ်ငယ် ကလေးလေးကို အကြမ်းဖက် ကိုင်လှုပ်ခဲ့တဲ့ အတွက် လူသတ်မှု ကျူးလွန်ခဲ့တယ် ဆိုတာကို ငြင်းတဲ့သူ တစ်ဦး တစ်ယောက်မျှ မရှိပါဘူး။ ဒါပေမဲ့ ပိုဆိုးရွားတဲ့ လူသတ်မှု မဟုတ် ပါဘူး ဆိုတာကို လျှောက်လွှဲနိုင် ခဲ့ပါတယ်။

Jorden Saxton ဟာ ကလေး Jayden နဲ့ မိနစ် ၉၀ ကြာ အိမ်ထဲမှာ နှစ်ယောက်တည်း ရှိနေခဲ့တဲ့ အချိန်အတွင်းမှာ သူ့သားငယ်ကို ကောက်ချီပြီး လှုပ်ခါရင်းက မထင်မှတ်ဘဲနဲ့ ဦးနှောက်ဒဏ်ရာ ရရှိစေ ခဲ့ပါတယ်။ ကလေး မျက်လုံးထဲက သွေးကြောတွေ ထိခိုက်သွားတဲ့ အတွက် လှုပ်ခါစဉ်မှာ ကလေးက မျက်စိ မမြင် ဖြစ်ခဲ့ ရပါတယ်။

အောက်စ်ဖို့ဒ် ခရောင်း တရားရုံးမှာ ၁၀ ရက်ကြာ အမှုစစ်ပြီးတဲ့ နောက်မှာတော့ အမိန့်ချဖို့ကို တရားသူကြီး အနေနဲ့ ၆နာရီကြာ ချင့်ချင့် ချိန်ချိန် ပြုခဲ့ ရတယ်လို့ သိရပါတယ်။

တရားရုံး အမိန့်ချစဉ်မှာ Saxton က အပြာရောင် တီရှပ်၊ လည်စည်း ၀တ်ဆင်ထားပြီး ကျယ်ကျယ် လောင်လောင် ငိုကြွေး ဟစ်အော် နေခဲ့ပါတယ်။ ကလေးရဲ့ ခြေထောက်မှာ ကျိုးအက် ဒဏ်ရာ ၈ချက်၊ နံရိုးတချို့ကျိုးနေပြီး ပြင်းထန်တဲ့ ဒဏ်ရာရကာ ဆေးရုံ ပို့ခဲ့ရပြီးနောက်မှာတော့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကလေးက အစာနင်နေလို့ အားနဲ့ လှုပ်ခါ ခဲ့တာလို့ သူ့ရဲ့ အပြစ်မရှိမှုကို လျှောက်လွဲ ခဲ့ပေမဲ့ ဆရာဝန်တွေရဲ့ သက်သေဖော်ပြချက်တွေ အရတော့ ကလေးက အစာနင်ခဲ့တဲ့ အထောက်အထား တစ်စုံတရာ မရှိပါဘူးတဲ့။

၁၁ပတ်သား ကလေး တစ်ယောက်အနေနဲ့ ခြေ၊ လက် အရိုးတွေ ကျိုးလွယ်တာ မှန်ပေမဲ့ နံရိုးတွေကတော့ အရှိန်နဲ့ ကားတိုက် သလိုမျိုး ပြုတ်ကျမှပဲ ကျိုးလောက်အောင် သန်မာတဲ့ အတွက် ပြစ်မှု ထင်ရှားခဲ့တာပဲ ဖြစ်ပါတယ်။

( Skyler )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_7.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...