အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 7, 2015

မှန်တံတားပေါ် ခရီးသွားတဦးရဲ့ စတီးရေပုလင်း ပြုတ်ကျ ခဲ့မှုကြောင့် မှန်တွေ ကွဲအက်



အက်ကွဲကြောင်းတွေ ဖြစ်သွားခဲ့တဲ့ တံတားရဲ့ မှန်တခု (photo - shanghaiist.com)

တရုတ်နိုင်ငံ Yuntai တောင်တန်း အကြား မီတာ ရာပေါင်း များစွာ အမြင့်မှာ တည်ဆောက် ထားတဲ့ ပထမဆုံး U ပုံသဏ္ဌာန် မှန်နဲ့ ပြုလုပ်ထားသော တံတားဟာ တနင်္လာနေ့က ခရီးသွား တဦးရဲ့ စတီး ရေပုလင်း တလုံး ရုတ် တရတ် မှန်ပေါ်ကို လွတ်ကျ သွားခဲ့ တာကြောင့် အက်ကွဲ ကြောင်းတွေ ဖြစ်သွား ခဲ့တယ်လို့ သိရပါတယ်။



အဲ့ဒီတံတားပေါ်ကို ရောက်ရှိနေခဲ့တဲ့ အမျိုးသား တဦးက သူ့အနေနဲ့ ရုတ်တရတ် ဆူဆူညံညံ အသံကို ကြားလိုက်ရပြီး ခြေထောက် အောက်က မှန်တွေ ဟာလည်း လှုပ်ခါ သွားသလို ခံစားလိုက် ရတယ်လို့သူရဲ့ တွစ်တာမှာ ဆိုထား ပါတယ်။ နောက် သူ့ရဲ့ ဘေး အနားမှာ ရှိနေတဲ့ ခရီးသွား များဟာ ကြောက် လန့်တကြား တံတားပေါ် ကနေ ဆင်းပြေး ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

အဆိုပါ မှန်တံတားရဲ့ ၀င်ပေါက်နေရာရှိ မှန်အပိုင်းအစတချို့မှာ အက်ကြောင်း အနည်းငယ် ပေါ်ပေါက် လာပေမယ့်လည်း ဒါဟာ ခရီးသွားတွေ အတွက် ဘေးအန္တရာယ်
ဖြစ်စေလောက်တဲ့ ပြဿနာ မရှိပါဘူး။ စိတ်ချရ ပါတယ်လို့ တာဝန်ရှိ သူတွေရဲ့ တရားဝင်ပြောကြားချက်ကို တရုတ် သတင်းဌာနက ဖော်ပြ ခဲ့ပါတယ်။

တံတားကို တနင်္လာနေ့ကတည်းက ပိတ်ထားခဲ့ပြီး “ပြင်ဆင်မှုတွေ လုပ်ပြီးတာနဲ့ ပြန်ဖွင့်မှာပါ” လို့ Yuntai တောင်တန်းနဲ့ ပတ်သက်လို့ ဖော်ပြထားတဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ပြောကြား ထားပါတယ်။



ဒီတံတားကို ပြီးခဲ့တဲ့ လကမှ ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး တံတားရဲ့သက်တမ်းဟာ ၂ ပတ်နီးပါးသာ ရှိပါသေးတယ်။ ဒီ မှန်တံတားဟာ တရုတ်ပြည် Henan ခရိုင်မှာ တည်ရှိပါတယ်။

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_7.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...