အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

ဘရာဇီးလ်နိုင်ငံရဲ့ တင်ပါးအလှပြိုင်ပွဲ Miss Bum Bum ရဲ့ အပြီးသတ် လူစာရင်းတွေ ထွက်ပေါ်လာ




ဘရာဇီးလ်နိုင်ငံက နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ တင်ပါးအလှ ပြိုင်ပွဲ Miss Bum Bum ရဲ့ အပြီးသတ်လူစာရင်းထွက်ပေါ်လာပါပြီ။ ဒီအပြီးသတ် လူစာရင်းထဲကမှ တစ်ယောက်ကို ရွေးချယ်ပြီး နိုင်ငံရဲ့ တင်ပါးအလှဆုံး ဆုကို ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။



ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်တဲ့ Kim Kardashian နဲ့ Jennifer Lopez တို့ကို အားကျပြီး အမျိုးသမီး အယောက် ၅၀၀ ခန့်ဟာ ထို ပြိုင်ပွဲကို ၀င်ပြိုင်ခွင့် လျှောက်ထားခဲ့ကြပြီး ဘရာဇီးလ် နိုင်ငံရဲ့ ပြည်နယ် တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ ဆန်ကာတင် ၂၇ ယောက်ကို ရွေးချယ်ပြီး မဲပေးရွေးချယ်စေကာ နောက်ထပ် ၁၅ ယောက်ကို ထပ်မံ ရွေးထုတ်ခဲ့ပါတယ်။

ထို ၁၅ ယောက်ထဲကမှ ဘရာဇီးလ် နိုင်ငံရဲ့ တင်ပါးအလှဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံရမယ့်သူကို ရွေးချယ်ဖို့အတွက် ၁၅ ယောက်လုံးဟာ ဘစ်ကနီ ၀တ်စုံတွေကို ၀တ်ဆင်ပြီး ဓါတ်ပုံ အရိုက်ခံကာ မဲအများဆုံး ဖြစ်လာဖို့ ယှဉ်ပြိုင်ရပါတယ်။

"Miss Bum Bum ပြိုင်ပွဲဟာ ဘရာဇီးလ်နိုင်ငံရဲ့ အလှဆုံး တင်ပါး ကို ရွေးချယ်ဖို့ပါ။ ဒီပြိုင်ပွဲကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ပြည်သူတွေပါ ၀င်ရောက်မဲပေးနိုင်နေပါပြီ" လို့ ထိုပြိုင်ပွဲကို စီစဉ်သူ Cacau Oliver က ဆိုပါတယ်။

ဒီ ပြိုင်ပွဲရဲ့ တစ်ခုသော စည်းကမ်းချက်ကတော့ ပြိုင်ပွဲဝင်သူ တင်ပါးအလှကို ခွဲစိတ်ပြုပြင်ထားခြင်း ၊ ဓါတုပစ္စည်းတွေရဲ့ အကူအညီတွေရယူထားခြင်း မရှိရပါဘူး။ ဘရာဇီးလ်နိုင်ငံမှာတော့ အမျိုးသမီးတွေရဲ့ အောက်ပိုင်း အလှဟာ နိုင်ငံတော်ရဲ့ ဂုဏ်ထူးဆောင် သင်္ကေတ တစ်ခုဖြစ်ပြီး ဘရာဇီးလ် နိုင်ငံဟာဆိုရင် အမျိုးသမီးတွေရဲ့ အနောက်ပိုင်းအလှကို Insurance ကုမ္မဏီတွေမှာ အာမခံ ထားလေ့ရှိတဲ့ နိုင်ငံဖြစ်တယ်လို့လည်း သိရပါတယ်။



Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/10/miss-bum-bum.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...