
အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်တဲ့ ကမ္ဘာ့ ဆံပင် အရှည်ဆုံး အမျိုးသမီးဟာ ခုချိန်မှာတော့ သူ့ရဲ့ဖူးစာရှင်ကို တွေ့ရှိခဲ့ ပြီလို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြ ပါတယ်။
အဲဒီဖူးစာရှင်ကတော့ သူ့ရဲ့ဆံပင်ရှည်တွေကို အင်တာနက် စာမျက်နှာပေါ် ပထမဆုံး တင်ပေးခဲ့သူ ဆံပင်ညှပ် ဆရာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၅၀ အရွယ် ရှိနေပြီဖြစ်တဲ့ အက်ရှာ မန်ဒလာဟာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတဦး ဖြစ်ပြီး သူ့ရဲ့ဆံပင်တွေဟာ ၅၅ ပေလောက် အရှည်ရှိတဲ့ အတွက် လန်ဒန် ဘတ်စ်ကား တစီးရဲ့ အရှည် ထက်တောင် ပိုနေ ပါသေးတယ်။
သူ့ရဲ့အမျိုးသား ဖြစ်သူ ဆံသဆရာ အီမန်နူရယ်ချန်းဟာ ကင်ညာနိုင်ငံသား ဖြစ်ပြီး သူကလည်း ကမ္ဘာ့ဆံပင် အရှည်ဆုံး အမျိုးသား တဦးဖြစ်ဖို့ ကြိုးစား နေသူပါ။
သူဟာ ဇနီးသည်ရဲ့ အလေးချိန် ၄၂ ပေါင်ရှိတဲ့ ဆံပင်ကို သီတင်း တပတ်မှာ ၂ ကြိမ် ပြုပြင် ထိန်းသိမ်း ပေးနေ ရတာပါ။
သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကြာတည်းက အွန်လိုင်းပေါ်မှတဆင့် သိကျွမ်းခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အီမန်နူရယ်က အက်ရှာရဲ့ဆံပင်ကို အင်တာနက်ပေါ်က ဆံပင်နဲ့ သက်ဆိုင်တဲ့ စာမျက်နှာတခုပေါ် တင်ပေးခဲ့တာပါ။
ရှစ်လကြာပြီးချိန်မှာတော့ အလုပ်ကိစ္စတခုနဲ့ ကင်ညာကို ရောက်လာခဲ့တဲ့ အက်ရှာနဲ့ တွေ့ဆုံပြီးနောက်မှာ ချစ်ကျွမ်းဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ခုချိန်မှာတော့ သူတို့နှစ်ဦးလုံးဟာ သူတို့ရဲ့ ဆံပင်တွေကို ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းနေထိုင်နေကြပါပြီ။
ဓာတ်ပုံ – People’s Daily
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/140954

No comments: