အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 23, 2016

တရုတ်ကလေးငယ် တစ်ဦး၏ မွေးရာပါ အမြီးကဲ့သို့ အသားပိုကို အောင်မြင်စွာ ဖယ်ရှားနိုင်




ပေကျင်း ၊ ၂၃-၅-၂၀၁၆

တရုတ်နိုင်ငံ အနောက် တောင်ပိုင်း စီချွမ် ပြည်နယ် ယီဘင်မြို့မှ အသက် ၁၁ လသား အရွယ် ကလေးငယ် ရန်ရန် ၏ မွေးရာပါ အမြီး ကဲ့သို့သော အသားပိုကို ခွဲစိတ် ဆရာဝန်များ က အောင်မြင်စွာ ခွဲစိတ် ဖယ်ရှား ပေးနိုင် ခဲ့ကြောင်း သိရသည်။

ရန်ရန် သည် မွေးဖွားစဉ် ကတည်းက ၁၅ စင်တီမီတာ အရှည် ရှိသည့် အမြီး တစ်ခုဖြင့် မွေးဖွား လာသောကြောင့် ၄င်းအား မိသားစုဝင် များက မျောက်ပေါက် ကလေးဟု ချစ်စနိုး ခေါ်ဝေါ် ခဲ့ကြောင်း China Daily သတင်းဌာနက ဖော်ပြ ထားသည်။

ရန်ရန်သည် အာရုံကြောဆိုင်ရာ ချို့ယွင်းမှုကြောင့် သားအိမ်အတွင်း၌ သန္ဓေသားလောင်း ဘဝမှာပင် အမြီးကဲ့သို့ သော အသားပို ထွက်ရှိလာခြင်း ဖြစ်သည်။ အာရုံကြော ဆိုင်ရာ ချို့ယွင်းမှုကြောင့် ရန်ရန်၏ ကျောရိုးမှာ ကောင်းစွာ ကြီးထွားလာခြင်း မရှိတော့ကြောင်း၊ ကျောရိုးအဆစ် များတွင်လည်း ဟောင်းလောင်း ပေါက်များ ဖြစ်နေပြီး ကျောရိုးမကြီးအား ကာကွယ်ပေးမည့် အမြှေးပါးများ သည်လည်း တစ်ခုနှင့်တစ်ခု ထိုးဖောက် ထွက်လာကာ အသားပို အဖြစ် ထွက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသားပိုကို ခွဲစိတ် ဖယ်ရှားရန် ဆရာဝန်များက ရန်ရန် အား ခံနိုင်ရည် ရှိမည့် အချိန်အထိ စောင့်ဆိုင်း ခဲ့ကြောင်း၊ ခွဲစိတ် ကုသရန် သင့်တော်ပြီဟု ဆရာဝန်များက ဆုံးဖြတ်ပေး ခဲ့ပြီးနောက် စီချွမ်ပြည်နယ် ၏ အိမ်နီး ချင်း ပြည်နယ်ဖြစ်သော ချုံကင်းပြည်နယ် ရှိ Southwest ဆေးရုံသို့ သွားရောက်ကာ ခွဲစိတ် ကုသမှုခံယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ရန် ၏ မိခင်သည် ကိုယ်ဝန် ဆောင်စဉ်က ဖောလစ်အက်စစ် သောက်သုံးမှု နည်းသောကြောင့် အာရုံကြော ချို့ယွင်းသည့် ကလေးငယ်ကို မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊ ခွဲစိတ် ကုသရန် ယခုထက် ပို၍ အချိန်ဆွဲ ခဲ့ပါက ရန်ရန် သည် လမ်းကောင်းကောင်း မလျှောက် နိုင်သော ဒုက္ခိတ ကလေးငယ် အဖြစ်သို့ ရောက်ရှိ သွားနိုင်ကြောင်း ခွဲစိတ်မှုအား ဦးဆောင် ခဲ့သည့် အထူးကု ဆရာဝန် လင်ကျန်ခိုင် က ပြောကြားသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_81.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...