အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 1, 2015

ကမ္ဘာ့လက်သည်း အရှည်ဆုံး လူသားရဲ့ လက်သည်းတွေ ပြတိုက် လှူတော့မယ်




ကမ္ဘာ့ လက်သည်း အရှည်ဆုံး လူလို့ သတ်မှတ် ရမယ့် သူတစ်ဦးနဲ့ တွေ့ဆုံ ဖြစ်ခဲ့ ပါတယ်။ သူ့ရဲ့ လက်တစ်ဘက် ပေါ်က ဒီလက်သည်း တွေကို ပြတိုက် တစ်ခုကို လှူဖို့ အတွက် ၁၉၅၂ ခုနှစ် ကတည်းက မညှပ်ဘဲ အရှည်ထား ခဲ့တာဖြစ်တယ်လို့ သူကပြော သွားပါတယ်။

အသက် ၇၈နှစ် ရှိပြီဖြစ်တဲ့ အိန္ဒိယ အမျိုးသား Shridhar Chillal ဟာ သူကျောင်းနေစဉ် ကတည်းက သူ့ရဲ့ဘယ်ဘက် လက် လက်သည်း တွေကို အရှည် ထားခဲ့ တာပါ။

အလွန့်အလွန် ရှည်လျားတဲ့ လက်သည်း တွေကြောင်ါ အလုပ်နဲ့ ချစ်သူကို ရှာဖို့ အခက်တွေ့ခဲ့ ပေမဲ့ မလျှော့သော ဇွဲနဲ့ ထားခဲ့တာ ဖြစ်တဲ့ အတွက် လေးစားဖို့တော့ ကောင်းပါတယ်။

သူဟာ အခုဆိုရင် Guinness မှတ်တမ်း (၂၀၁၆ တည်းဖြတ်မှု) မှာ လက်တစ်ဖက်တည်း ကမ္ဘာ့ လက်သည်း အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် တရားဝင် အသိအမှတ်ပြုခြင်း ခံခဲ့ရပါပြီ။

ဘာကြောင့်များ လက်သည်းတွေကို ရှည်သည်ထက် ရှည်အောင် ထားခဲ့ ရတာလဲလို့ မေးကြည့် လိုက်တော့ “ကျွန်တော် ကျောင်းသား ဘ၀တုန်းက၊ တစ်ရက်ကျတော့ ကျွန်တော်တို့ ဆရာက ကျွန်တော်တို့ကို အရမ်း ရိုက်တော့ တာပဲ။ ကျွန်တော့် သူငယ်ချင်းကြောင့် သူ့လက်သည်း ကျိုးသွားလို့လေ။ ဆရာ့ လက်သည်း ကလည်း အရှည်ချည်းရယ်။ ဆရာရယ် လက်သည်းလေး ကျိုးသွားတာနဲ့ ဘာလို့များ ဒီလောက်တောင် ရိုက်ရတာ လဲလို့ မေးကြည့်တော့ မင်းတို့မှ လက်သည်း အရှည် တစ်ခါမှ မထားဖူးတာ၊ ဘယ်နား လည်မလဲတဲ့။ လက်သည်း အရှည် မထားဖူး ဘဲနဲ့တော့ ဒီလက်သည်းတွေ ကျိုးမသွားအောင် ဂရုစိုက်ရ တာမျိုး ကိုလည်း နားလည်မှာ မဟုတ်ဘူး။” လို့ Shridhar ကပြောပြပါတယ်။

အဲ့ဒီအချိန်က စပြီး သူဟာ ဆရာနဲ့ စိန်ခေါ်ပြီး လက်သည်း ရှည်တွေ ထားခဲ့တော့ တာပါပဲ။

သူ့ရဲ့လက်သည်း အရှည်ပေါင်းဟာ ၉၀၉ ဒဿမ ၆ စင်တီမီတာ ရှိပြီး လက်မက ၂မီတာနဲ့ အရှည်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။

အတိုက်အခံ ဖြစ်ခဲ့ ရပုံတွေ ကတော့ “ပထမတော့ ကျွန်တော့် မိသားစုဝင်တွေက အတိုက်အခံ လုပ်ခဲ့တယ်။ ပြီးတော့ ဆရာတွေရောပဲ။ ကျွန်တော့် လက်သည်းတွေကို နောက် တစ်ခေါက် ဘယ်တော့မှ မညှပ်ဘူးလို့ ဆုံးဖြတ်ချက်က ချထား ပြီးသားလေ။” လို့ သူကပြောပြ ပါတယ်။

“ကျွန်တော် နေ့စဉ်ဘ၀ရဲ့ နေရာတိုင်း လိုလိုမှာ အခက် ကတော့ တွေ့တာပဲ။ ကျွန်တော် မိသားစုက လုံးဝကို မကြိုက်တာ။ ကျွန်တော့်အ၀တ်တွေ ဘယ်သူမှလည်း မလျှော်ပေးတော့ လက်တစ်ဖက် တည်းနဲ့ပဲ လျှော်ခဲ့ ရတာပေါ့။ အလုပ် ရှာဖို့ဆိုတာ ကလည်း အခက်သား။ ကျွန်တော့်ကို အလုပ် ခန့်မယ့်သူ တစ်ယောက်မှ မရှိဘူး။”

“ကျွန်တော် အိမ်ထောင်ပြုမယ့် အရွယ်ရောက်တော့ ကျွန်တော်နဲ့ ဘယ်သူမှ အိမ်ထောင် မပြုချင်ကြဘူး။ အမျိုးသမီး ၁၀ ယောက်ကနေ ၁၂ ယောက် လောက်ထိ တွေ့ဖူးတယ်။ အမျိုးသမီး ဘက်က သဘောတူမယ် လုပ်တော့ သူ့မိဘတွေက သူ့လည်ပင်း ညှစ်သတ်မယ် ဆိုပြီး ငြင်းတယ်။ မိဘတွေက သဘော တူပြန်တော့၊ ဒီလောက် ညစ်ပတ်တဲ့ သူတစ်ယောက်ကို လက် မထပ်နိုင်ဘူး ဖြစ်ပြန်ရော။” ဆိုပြီး အမျိုးသမီးတွေနဲ့ ချိန်းတွေ့ဖို့ အခက်တွေ့ပုံတွေကို ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ သူ အိမ်ထောင်ကျခဲ့ပါတယ်။ အသက် ၂၉နှစ်မှာ ညီဖြစ်သူရဲ့ ခယ်မဖြစ်တဲ့ သူနဲ့ အိမ်ထောင်ပြုခဲ့ နိုင်တာပါ။

Shridhar ဟာ ဓာတ်ပုံပညာကို နှစ်သက်ပြီး အလုပ်အနေနဲ့လည်း အချိန်တစ်ချို့ကို လုပ်ကိုင်ဖြတ်သန်း ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အခုတော့ သူ့ရဲ့လက်သည်းတွေကို ညှပ်ပြီး ပြတိုက် တစ်ခုမှာ ထိန်းသိမ်း ထားဖို့ စီစဉ်နေ ပါတယ်။ ဘယ်နေ့လဲ ဆိုတာကိုတော့ သူက လျှို့ဝှက်ထားလို့ မသိခဲ့ ရပါဘူး။

( Skyler )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref:Daily Mail

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_2.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...