
ရုရှား သမ္မတ Vladimir Putin ရဲ့ ပုံတူဓာတ်ပုံကို ပန်းချီ အနုပညာရှင် တစ်ဦးက သူမရဲ့ ရင်သား တွေကို အသုံးပြုပြီး ရေးဆွဲပြ ခဲ့ပါတယ်။
St Petersburg မြို့ က Irina Romanovskaya ဆိုသူ ပန်းချီ အနုပညာရှင် အမျိုးသမီးက သူမရဲ့ ရင်သား အနုပညာဟာ ရုရှားနိုင်ငံရဲ့ နိုင်ငံရေး သမားတွေ စိတ်ထဲမှာ အတွေး တစ်စ ကျန်ရစ်စေနိုင် လိမ့်မယ် လို့  ယူဆကြောင်း ပြောကြား ခဲ့ပါတယ်။
“ ဘယ်သူမှ Putin ပုံကို ရင်သားနဲ့ ဒီလို မဆွဲဖူးပါဘူး။ ပြီးတော့ ဒီလို ဆွဲရတာမှာ ရည်ရွယ်ချက် ရှိပါတယ်။ နိုင်ငံရေးသမားတွေ အနေနဲ့ အနုပညာရှင်တွေ အပေါ် အလေး ထားစေ ချင်ပါတယ်။ ဘာလို့ လည်းဆိုတော့ ဘယ်သူ ကမှ အနုပညာရှင်ဆို အရေး မထားချင်ကြလို့ ပါ” လို့ သူမက ပြောပြ ခဲ့ပါတယ်။
“ အနုပညာရှင်တွေဟာ အနုပညာ ဖန်တီးရင်းနဲ့ ပဲ ကိုယ့်ဘာသာ ရပ်တည်နေရ ပါတယ်။ အာဏာပိုင်တွေ အနေနဲ့ သူတို့ ကို အလေး ထားစေချင်ပြီး သူတို့ ကို တစ်နည်းနည်းနဲ့ အကူ အညီတွေ ပေးစေ ချင်ပါတယ်” လို့ ဆိုပါတယ်။

Youtube မှာ တင်ထားတဲ့ ရင်သားနဲ့ ပန်းချီဆွဲတဲ့ အဆိုပါဗီဒီယိုမှာ Putin ပုံတူ ကားချပ်နှစ်ချပ်ကို မြင်တွေ့ ရပြီး တစ်ကားကတော့ ၀န်ကြီးချုပ် Dmitry Medvedev ရဲ့ ပုံဖြစ်တယ်လို့ ယူဆရပါတယ်။
သူမဟာ ရင်နှစ်မွှာကြားမှာ ပန်းချီဆေးကို သုတ်လိမ်းပြီး ရင်သားကနေ တဆင့် စက္ကူချက် ပေါ်မှာ စုတ်ချက်တွေ ဆွဲခဲ့တာ ဖြစ်ပါတယ်။
( Ye Wint )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref: Mirror
Original link - http://knowledge.thithtoolwin.com/2015/10/vladimir-putin.html

No comments: