အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 31, 2015

အမျိုးသမီးတွေကို လိင်စိတ်နိုးကြွစေနိုင်ဆုံး အဓိက နေရာများ




အမျိုးသမီး တစ်ယောက်ကို ဘာက တကယ် လိင်ပိုင်း ဆိုင်ရာ နိုးကြွစေသလဲ ဆိုတဲ့ မေးခွန်းကို နောက်ဆုံးတော့ သုသေတီတွေက ဖြေကြားပေး လိုက်ပါပြီ။

လေ့လာမှု သစ်တစ်ရပ်မှာ ဘယ်အပိုင်း တွေက တုံ့ပြန်မှု အားအကောင်း ဆုံးလဲ ဆိုတာကို တိတိ ကျကျ ရှာဖွေ ဖော်ထုတ်ဖို့ အတွက် အမျိုးသမီး ကိုယ်ခန္ဓာပေါ်က ဖွဖွရွရွ ထိတွေ့မှု၊ ဖိအား နဲ့ တုန်ခါမှု တွေရဲ့ သက်ရောက် မှုတွေကို လေ့လာ သုံးသပ် ခဲ့ပါတယ်။

သုတေသီတွေ ရှာဖွေ တွေ့ရှိခဲ့ ရတာကတာ့ ဖွဖွရွရွ ထိတွေ့မှု အတွက် လည်ပင်းဟာ တုံ့ပြန်မှု အားအကောင်းဆုံး၊ ဖိအား အတွက် အမျိုးသမီး အင်္ဂါထိပ်နဲ့ သားမြတ်ဖူး တွေဟာ တုံ့ပြန်မှု အား အကောင်းဆုံး၊ တုန်ခါမှု အတွက်တော့ အမျိုးသမီး အင်္ဂါထိပ်ဟာ တုံ့ပြန်မှု အားအကောင်းဆုံး ဆိုတာပါပဲ။

အသက် ၁၈နှစ် ကနေ ၃၅နှစ်ကြား ကျန်းမာတဲ့ အမျိုးသမီး အယောက် ၃၀နဲ့ လေ့လာ စမ်းသပ်ခဲ့ တာပါ။ ထိတွေ့မှု ပုံစံ အမျိုးမျိုး သက်ရောက်စေဖို့ အတွက် သိပ္ပံနည်းကျ ကိရိယာတွေကို သုံးခဲ့ ပါတယ်။

၁ ဒဿမ ၅စက္ကန့် နှိုးဆွ လိုက်ပြီး ၅ စက္ကန့် စောင့်ပြီးမှ အမျိုးသမီးတွေကို ဘယ်လို ခံစားရကြောင်း မေးမြန်း ခဲ့တာပါ။

သုတေသီတွေဟာ သားမြတ်ထုထည်၊ BMI (အရပ် အမြင့်နဲ့ ကိုယ်အလေးချိန် အချိုးအစား)၊ ဟော်မုန်းဆိုင်ရာ သန္ဓေတားခြင်း၊ ဓမ္မတာစက်ဝိုင်း နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်သန်မှု စတာတွေကို စိစစ် လေ့လာခဲ့တယ်လို့ သိရပါတယ်။

Ref: Daily Mail

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_63.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...