အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 31, 2015

လိင်အကြမ်းဖက်မှုတွေ ဆက်တိုက် လုပ်ခဲ့တဲ့ နှာဘူး ထောင် ၁၆ နှစ်ကျ




မကောင်းဆိုးရွား၊ အန္တရာယ်ကောင် နှာဘူး တစ်ယောက်ဟာ လိင် တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့တဲ့ အတွက် သူ့ကို ထောင် ၁၆နှစ် ချခဲ့တယ်လို့ သတင်းရ ရှိပါတယ်။

Anthony Ronald Rushanopsky ဆိုသူဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်း တွေမှာ အမျိုးသမီး သုံးဦးကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ကျူးလွန် ခဲ့ပါတယ်။

သူဟာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု တို့နဲ့ အပြစ် ရှိကြောင်း ထင်ရှားတဲ့ အတွက် Tesside Crown တရားရုံး တရားသူကြီးက သူ့ကို ၁၆နှစ် ထောင် ဒဏ်ပေး ခဲ့တာပဲ ဖြစ်ပါတယ်။

သူ မုဒိမ်းကျင့်ခဲ့တဲ့ သူတွေထဲက တစ်ယောက်ဟာ “ခုတော့ စိတ်သက်သာရာ ရသွားပါပြီ၊ ဒီလို ထောင်ဒဏ် ချမှတ်ခဲ့တဲ့ အတွက် အရမ်းကို ပျော်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ သူမရဲ့ နာမည်ကိုတော့ ဥပေဒကြောင်း အရ ဖော်ပြခွင့် မရှိခဲ့ပါဘူး။

“သူက မကောင်း ဆိုးရွားကောင်၊ အန္တရာယ်ကောင်။ ပြီးတော့ သူ တရားစွဲ ခံရတဲ့ အချိန်မှာ စိတ်သက်သာရာ ဖြစ်ခဲ့တယ်။” လို့ သူမ ကပြောခဲ့ ပါတယ်။

ဆယ်ကျော်သက် တစ်ယောက် အပါအဝင် အမျိုးသမီး ၃ဦးကို မုဒိန်းကျင့် ခဲ့တဲ့ Rushanopsky ဟာ အသက် ၅၂နှစ် ရှိပါပြီ။ သူ့ကို Gatwick လေဆိပ်မှာ မုဒိမ်းမှု အတွဲလိုက်နဲ့ ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...