အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

ငါးမန်းကို တုံ့ပြန် ထိုးကြိတ်ပြီး ကိုယ်လွတ် ရုန်းနိုင်ခဲ့သူ လူငယ်




အမေရိကန် ဆယ်ကျော်သက် တစ်ဦးသည် ရန်ပြု တိုက်ခိုက် လာသည့် ငါးမန်းကို လက်သီးဖြင့် ထိုးကာ ကိုယ်လွတ် ရုန်းနိုင် ခဲ့ကြောင်း သတင်း ရရှိသည်။

အောက်တိုဘာ ၄ ရက်က ဖလော်ရီဒါ ပြည်နယ်၊ ဗူလ်ဆီယာရှိ ဘိခ်ျဆန်းဒေး ကမ်းခြေတွင် ငါးမန်း တိုက်ခိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးက CNNသို့ ပြောကြား ခဲ့သည်။

အသက် ၁၄ နှစ် အရွယ်ရှိ ယောက်ျားလေး တစ်ဦးကို ငါးမန်းက ဝင်ကိုက်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါ လူငယ်က ငါးမန်းကို ထိုးကြိတ်ကာ လွတ်မြောက်ခဲ့ကြောင်း ကမ်းခြေလုံခြုံရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အေရွန်ယာကင်စ်က ဆိုသည်။

သူငယ်ချင်းများနှင့်အတူ ရေလှိုင်းစီးနေသည့် အဆိုပါ လူငယ်ကို အရွယ်အစား ၄ ပေမှ ၅ ပေခန့် ရှိမည်ဟု ယူဆရသည့် ဘလက်တစ်ပ် ငါးမန်းတစ်ကောင်က ကိုက်ခဲခဲ့ခြင်း ဖြစ်သည်။ ယင်းငါးမန်းမျိုးစိတ်သည် ဖလော်ရီဒါ ကမ်းလွန်တွင် နေထိုင် ကျက်စားလေ့ ရှိသည်။

“ငါးမန်းက ချာတိတ်ရဲ့ ဘယ်လက်ကို ကိုက်ခဲ့တာပါ။ ဒါပေမဲ့ ကောင်လေးက ထိုးကြိတ်ပြီး တုံ့ပြန်တော့ ငါးမန်းက ဆက်ပြီး ရန်မမူတော့ဘူး။ တစ်ချက်ပဲ အကိုက်ခံလိုက်ရတယ်။ နောက်တော့ ကောင်လေးက လှေပေါ်ပြန်တက်ပြီး ကမ်းခြေဘက် လှော်လာတယ်။ ကမ်းခြေ လုံခြုံရေး အရာရှိတွေကို သွားအကြောင်းကြားတော့ နေရာမှာတင် သူ့ကို ပြုစု ကုသပေးခဲ့ပါတယ်”ဟု ယာကင်စ်က ဆိုသည်။

လူငယ်၏ လက်တွင် ထင်ထင်ရှားရှား စုတ်ပြဲဒဏ်ရာများကို တွေ့မြင်ခဲ့ရကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။ “ကောင်လေးကို ဒေတိုနာ ကမ်းခြေက ဟာလီဖက်စ် ဆေးရုံကို ပို့ပေးလိုက်ပါတယ်။ ဒဏ်ရာ ဘယ်လောက် ပြင်းမလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး။ ဒါပေမဲ့ သဘောသဘာဝအရ ဒီလောက်ပြင်းထန်တဲ့ စုတ်ပြဲ ဒဏ်ရာမျိုး ရခဲ့မယ်ဆိုရင် အရွတ်မှာ ဒဏ်ဖြစ်သွားတာမျိုး ကြုံရတတ်ပါတယ်”ဟုလည်း ယာကင်စ်က ပြောကြားသွားသည်။

_Ref: CNN

Original link - http://www.7daydaily.com/story/47923

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...