အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

သိပ်ကြောက်စရာ မကောင်းပါဘူး ဆိုတဲ့ အရှည်ဆုံး ကြိုးတံတား




အခုဖော်ပြ ပေးမှာ ကတော့ ဂျာမနီနိုင်ငံမှာ ရှိတဲ့ အရှည်ဆုံး ကြိုးတံတား အကြောင်းပါ။ သိပ်ကြောက်စရာ မကောင်း ပါဘူး ဆိုတဲ့ ဒီကြိုးတံတားက သင့်ကို အမျိုးအမည် မသိတဲ့ တစ်ဆို့ဆို့ ခံစားချက် ဖြစ်ပေါ် စေမှာပါ။ အကြောက် အရွံ့ကင်းတဲ့ သူတွေသာ ဒီတံတားကို ဖြတ်ရဲ ကြတယ်လို့ သိရပါတယ်။



တည်နေရာကတော့ Morsdorf နဲ့ Sosberg မြို့နှစ်မြို့ ကြားက အရမ်းကို လှပတဲ့ တောအုပ် ထဲမှာပါ။ Selfie ရိုက်ဖို့ အတွက် နေရာကောင်း တွေလည်း အများကြီး ရှိပါတယ်တဲ့။

Geierley ခြောက်နက် ကြီးရဲ့အထက် အမြင့်ပေ ၃၀၀ ရှိတဲ့ ဒီကြိုး တံတားပေါ်မှာ ထောင်နဲ့ ချီတဲ့ ကမ္ဘာလှည့် ခရီးသွားတွေဟာ အုံနဲ့ ကျင်းနဲ့ လာရောက် လေ့လာနေ ကြပါတယ်။ တံတားရဲ့ အရှည်ကတော့ ပေ ၁၂၀၀ ပါ။ ဒီကြိုး တံတားပေါ်ကို ရောက်ဖို့ အတွက် ခရီးသွားတွေဟာ ၄ မိုင်တောင်တက် ခရီးကို အားတင်းပြီး တက်ကြ ပါတယ်။

ခြောက်ကမ်းပါး ကြီးရဲ့အထက်က တံတား ကြမ်းခင်းလေးရဲ့ ရှည်လျားမှု၊ ပတ်ဝန်းကျင် လှပမှုတွေနဲ့ ကြောင့် အလည် အပတ် လာရောက်သူ အရေ အတွက်ဟာ နှစ်စဉ် ၁၇၀၀၀၀ ရှိပါတယ်။ ပြည်တွင်း စီးပွားရေး အတွက်လည်း ဒီကြိုး တံတား ကနေ ကန်ဒေါ်လာ ၁ ဒဿမ ၈ သန်း ရရှိနေ တယ်လို့ သိရပါတယ်။

ဒီလို ကြိုးတံတား တည်ဆောက်ဖို့ စိတ်ကူးကို ၂၀၀၆ခုနှစ်မှာ စတင် တင်ပြ ခဲ့ပေမဲ့ တည်ဆောက်ဖို့ မလွယ်ကူဘူး ဆိုပြီး ပယ်ချခံ ခဲ့ရပါတယ်။ နောက်ငါးနှစ် အကြာမှာ စီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်မှာမှ ရလဒ်ကောင်းတွေ ထွက်ခဲ့ ပါတော့တယ်။

ယခုနှစ် မေလ ၂၆ ရက်နေ့မှာ တည်ဆောက်မှုကို စတင်ခဲ့ပြီး ရက်ပေါင်း ၁၃၀ နဲ့ အပြီးသတ် တည်ဆောက်နိုင်ခဲ့ ပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_90.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...