အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

အီဂျစ် မြွေနတ်ဘုရားနဲ့ တူအောင် ကိုယ့် ငယ်ပါ ကိုယ်ဖြတ်ခဲ့တဲ့ လူသတ်သမား




ကိုယ့် ကိုယ်အင်္ဂါတွေ ကိုယ်ဖြတ်တဲ့ မှတ်တမ်းဆိုး ရှိတဲ့ Nikkon Jenkins ဆိုသူဟာ အီဂျစ် မြွေနတ်ဘုရားနဲ့ တူအောင်ဆိုပြီး ကိုယ့် ငယ်ပါ ကိုယ်ဖြတ်တဲ့ အဖြစ်အပျက် ဖြစ်ခဲ့ ပါတယ်။

သူဟာ ဧရာမမြွေကြီးနဲ့ တူတဲ့ ရှေးဟောင်း နတ်ဘုရား Apophis ရဲ့ စကားတွေကို ကြားခဲ့ရတယ်လို့ ယုံကြည် ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ငယ်ပါကို သူဖြတ် ခဲ့တာပါ။

နဖူးပေါ်မှာ “၆၆၆” ကို တက်ယောက်ကားနဲ့ ထွင်းခဲ့ပေမဲ့ တကယ့် တကယ် “၉၉၉” ပေါ်ခဲ့ သူလည်း ဖြစ်ပါတယ်။ မှန်ထဲမှာကြည့်ထွင်းခဲ့တယ် ဆိုတာကို မေ့သွားလို့ ပါတဲ့။

Nikkon Jenkis ဟာ ၂၀၁၃ခုနှစ်မှာ လူလေးယောက်ကို အရူးထပြီး သတ်ခဲ့သူပါ။ မြွေနဲ့ တူအောင်ဆိုပြီး လျှာကိုဖြတ်ကာ ထောင်နံရံကို သွေးတွေ ပက်ဖြန်းခဲ့တဲ့ မှတ်တမ်းလည်း ရှိပါတယ်။

အကျဉ်းစောင့်တွေက Jenkins ဟာ ဘယ်သူလဲ၊ သူဘယ်လိုများ ထောင်ထဲမှာ ဓားတွေကို ဖွက်ထားလဲ ဆိုတာ မသိဘူးလို့ ပြောပါတယ်။

“ဒါတွေဘယ်လို ဖြစ်တာလဲ ဆိုတာ မင်းမေးချင် လိမ့်မယ်။ သူဒီထဲကို ဘယ်လို ရောက်ခဲ့တယ် သူဘာတွေ ရခဲ့တယ် ဆိုတာကို ဘယ်သူမှ သိပုံမပေါ်ဘူး။ ငါ့အတွက်တော့ ဆန်းကြယ်မှု တစ်ခုပဲ။” လို့ ထောင်မှူး Lux ကပြောခဲ့ ပါတယ်။

သူသေဒဏ်ပေး ခံရနိုင်တယ် ဆိုတာကို သိပြီးနောက်ပိုင်း မလုံမခြုံတွေ ဖြစ်ခဲ့ပါတယ်။ သူဟာ သေဒဏ်ပေး ခံခဲ့ရပြီး မပေးခင်မှာ တရားခွင်ကို တတ်ရောက်နိုင်စွမ်း မရှိတဲ့ အတွက် တစ်နှစ်ကြာ ခဲ့တယ်လို့ သိရပါတယ်။

သူ့ကို မြွေနတ် ဘုရားကနေ အသံနဲ့ အမိန့်တွေ ပေးခဲ့တဲ့ အတွက် ယခုလို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ဉာဏ်ကောင်းလွန်းတဲ့ စိတ်ရောဂါသည် ဟုတ်လား၊ မဟုတ်လား ဆိုတာကိုတော့ စိတ်ရောဂါကု ဆရာဝန်တွေကြား ဒွိဟဖြစ်လို့နေ ပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_6.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...