အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 22, 2015

တရုတ်နိုင်ငံရဲ့ကောင်းကင်မှာ ပေါ်လာတဲ့ လျို့ဝှက်ဆန်းကြယ် လွင့်မျောမြို့တော်ကြီး



(ကောင်းကင်ယံမှာ မြင်တွေ့နေရတဲ့ လွင့်မျောမြို့တော်ကြီး)

တရုတ်နိုင်ငံ ဂျင်ဇီမြို့နှင့် ဖိုရှမ်မြို့ရှိ ကောင်းကင် တိမ်တိုက် များမှာ လွင့်မျော နေတဲ့မြို့တော် ပုံသဏ္ဌာန်ရှိ အရာ တစ်ခုကို မြင်တွေ့ လိုက်ရတယ်လို့ ဒေသခံ တရုတ်များက ဆိုလာ ပါတယ်။ ဒေသခံတွေ ကတော့ မြင်တွေ့ လိုက်ရတဲ့ မြို့တော် ပုံစံလွင့်မျော နေတဲ့ ပုံသဏ္ဍာန် တစ်ခုဟာ သဘာဝလွန် အကြောင်း အရာ တစ်ခု ဖြစ်တယ်လို့ ယုံကြည်လျက် ရှိပါတယ်။

နောက်ထပ် အပြိုင် စကြဝဠာ တစ်ခုကို မြင်လိုက် ရတယ်လို့ ဆိုကြပြီး မိုးလေ၀သ ပညာရှင်များ ကတော့ အဲဒီ အရာဟာ သမားရိုးကျ မဟုတ်ဘဲ အမြင်အာရုံကို လှည့်စား ထားသော ဖေတာမော်ဂါးနားလို့ ခေါ်တဲ့ အဝေး တနေရာက ပုံရိပ် တစ်ခုဖြစ်တယ်လို့ သတ်မှတ် ကြပါတယ်။



မိုးလေ၀သဆိုင်ရာ ထူးကဲဖြစ်စဉ် အရ မိုးမြင့် တိုက်တာ အဆောက်အအုံ တွေမှ အလင်းရောင်တွေဟာ တိမ်တိုက်တွေမှာ ရောင်ပြန် ဟပ်ပြီး မြင့်မားတဲ့ တိုက်တာ ပုံသဏ္ဌာန်တွေ အဖြစ် ပေါ်ပေါက် လာခြင်း ဖြစ်နိုင်ပါတယ်။

ဒီလိုမိုးလေ၀သဖြစ်စဉ်အရ ဖြေရှင်းလိုက်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ တချို့သော မြို့ အပေါ်မှာ ပေါ်ေ ပါက်လာတဲ့ မျောလွင့်တိုက်တာပုံရိပ်ရဲ့အဖြစ်ဟာ ရှင်းလင်းသွားပေမယ့် အချို့သောသူများကတော့ ဤရှင်းလင်းချက်များကို လက်မခံနိုင်ကြပါဘူး။

Conspiracy သီအိုရီကို ကျင့်သုံးသူများကတော့ နာဆာစခန်းက တနေ့မှာ သခင်ယေရှု ပြန်လည် ကြွရောက်လာ မယ့် အကြောင်း အရာကို သုံးဖက်မြင် ပုံတွေကို အသုံးပြုပြီး နှိုးဆော်မှု ပြုလုပ်ကာ သူတို့ ယုံကြည်တဲ့ သီအိုရီ မှန်ကန်ကြောင်း သက်သေပြလိမ့် ဦးမယ်လို့ ယုံကြည်နေ ကြပါတယ်။

ခင်အေးမြလွင်

ကိုးကားသတင်း။ http://www.telegraph.co.uk/news/worldnews/asia/china/11940936/Mysterious-floating-city-appears-in-the-sky-over-China.html

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_56.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...