အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 26, 2015

၁၀ နှစ်ခန့် ပျောက်နေပြီး သေစာရင်း သွင်းထားတဲ့ အမျိုးသမီး အင်တာနက် ကဖေးမှာ နေထိုင်တာ ပြန်တွေ့




လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံး သွားခဲ့ပြီ သေစာရင်း သွင်းခံ ထားရတဲ့ အမျိုးသမီး တစ်ဦး ဟာ အင်တာနက် ကဖေး တစ်ခုမှာ နေထိုင် နေတာကို ပြန်တွေ့ ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

ဆယ်စုနှစ် တစ်ခုခန့် ပျောက်ဆုံး နေခဲ့တဲ့ ထိုအမျိုးသမီးဟာ ၂၀၀၅ ခုနှစ်က စတင်ကာ အင်တာနက် ကဖေး တွေမှာ ပြောင်းရွှေ့နေထိုင် နေပြီး ဂိမ်းကစား နေခဲ့တာ ဖြစ်ပါတယ်တဲ့။

သူမနာမည်ကတော့ Xiao Yun လို့ခေါ်ပြီး အသက် က ၂၄ နှစ် ရှိနေပါပြီ။ သူမဟာ ၂၀၀၅ ခုနှစ်မှာ သူမနေထိုင်ရာ တရုတ်နိုင်ငံ အရှေ့ပိုင်းက Zhejiang စီရင်စုမှာ ရှိတဲ့နေအိမ် ကနေ ထွက်ပြေး လာခဲ့တာ ဖြစ်ပြီး ထိုအချိန် ကတည်းက သူမကို ရှာမတွေ့တဲ့ အတွက်သူမကို သေစာရင်းထဲ ထည့်ထား ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူမကို ရဲအရာရှိ တွေက နိုဝင်ဘာ ၂၀ ရက်နေ့က အင်တာနက် ကဖေးကို လမ်းကြောင်း စစ်ဆေးရေး ၀င်ရောက် စစ်ဆေးကြည့်ရှု ရာကနေ ပြန်တွေ့ ခဲ့တာ ဖြစ်တယ်လို့ The Strait Times သတင်း ဌာနက ဖော်ပြ ထားပါတယ်။

သူမဟာ နိုင်ငံသား စီစစ်ရေး ကတ်ပြားအတု ကို ကိုင်ဆောင် ထားပြီး ရဲစခန်းမှာ ထွက်ဆို ခဲ့တာကတော့ သူမအနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလုံး အင်တာနက် ဆိုင်တွေမှာ ပြောင်းရွှေ့နေထိုင် ခဲ့တယ်လို့ ဆိုထား ပါတယ်။

သူမဟာ first-person သေနတ်ပစ် ဂိမ်း တစ်ခုဖြစ်တဲ့ CrossFire ရဲ့ အမာခံ ပရိတ်သတ် တစ်ယောက် ဖြစ်နေပြီး သူမ အခုလို ဆယ်စုနှစ် တစ်ခုလုံး ဂိမ်းပဲ ဆော့နေနိုင်ဖို့ အတွက် အသက်မွေး ၀မ်းကျောင်း အဖြစ် ပေးကမ်း စွန့်ကြဲသမျှ ကို ယူငင်ကာ အင်တာနက် ကဖေးတွေရဲ့ ငွေကိုင် အဖြစ်လည်း အခါအား လျော်စွာ လုပ်ကိုင် ခဲ့တယ်လို့ Xiao Yun က ထွက်ဆို ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက် အရတော့ သူမကို သူမရဲ့ အဖိုး အဖွား တွေဆီကို ပြန်လည် ပေးပို့လိုက်ပြီ လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူမကို မှတ်ပုံတင် အတု ကိုင်ဆောင်မှုနဲ့ ဒဏ်ငွေ စတာလင်ပေါင် ၅၀၀၀ ကျခံစေ ခဲ့တယ်လို့ သိရပါတယ်။

"ကျွန်မဟာ တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်နေ စိတ်ထား ရှိခဲ့တယ်။ ဒေါသ ထွက်လွယ်သူ တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မ သူမကို အမြဲ ဆူပူလေ့ ရှိတယ်။ ဒါပေမယ့် ၁၀ နှစ် ရှိခဲ့ပါပြီ အခုလည်း သူမ အရွယ် ရောက်နေပါပြီ။ ကျွန်မ သူမကို နောက်ထပ် ဆူပူတော့မှာ မဟုတ်ပါဘူး" လို့ Xiao Yun ရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_25.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...