အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

ရဲစခန်းကို ဖုန်းဆက်ပြီး ကြက်သား ချက်ဖို့ အပူချိန်ဘယ်လောက်လိုလဲ မေးတဲ့ ငပိန်း




ကြက်သားချက်ဖို့ မိုက်ခရိုဝေ့ဖ်ကို အပူချိန်ဘယ်လောက် ထားရမလဲ ဆိုပြီး အရေးပေါ် နံပါတ် ၉၉၉ ကိုနှိပ်ကာ ရဲစခန်းကို ခေါ်ခဲ့တဲ့ ကြောင်တောင်တောင် အဖြစ်အပျက် တစ်ခုဖြစ် ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း၊ Cumbria စီရင်စုမှာပါ။

ပြည်သူတွေအနေနဲ့ မှန်ကန်တဲ့တုန့်ပြန်မှု၊ မှန်ကန်တဲ့အခြေအနေအတွက် သတင်းအချက်အလက်တွေ အသေအချာရစေဖို့ရာ မတူညီတဲ့ ရဲတပ်ဖွဲ့ဝန်ဆောင်မှုတွေကို ပိုမိုသတိပြုမိလာစေဖို့အတွက် Cumbria ရဲတပ်ဖွဲ့အနေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ပြီးသားပါ။

သတင်းအချက်အလက် လက်ကမ်းစာစောင်တွေနဲ့ ကတ်ပြားတွေကို ဒေသခံရဲတွေရဲ့ စားပွဲတွေနဲ့ လူမှုကွန်ရက် feeds တွေမှာ ဖြန့်ဝေပေးထားပါတယ်။ ပြည်သူတွေလိုအပ်လာခဲ့ရင် သင့်လျော်တဲ့ဝန်ဆောင်မှုကို ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

ဘာမဟုတ်တာနဲ့ခေါ်မယ်ဆိုရင် တကယ်အကူအညီလိုတဲ့ အရေးပေါ်ဖုန်းကို အဟန့်အတား ဖြစ်နိုင်တဲ့အတွက် ၉၉၉ ကိုမခေါ်ဆိုခင်မှာ လူတွေအနေနဲ့ အရင်ဆုံးသေချာ စဉ်းစားကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရဲမှူး Steve Johnson ကပြောခဲ့ပါတယ်။

“၉၉၉ ကို အရေးပေါ်လာရင် ခေါ်ဆိုဖို့အတွက်ကိုလည်း ပြည်သူတွေကို ကျွန်တော်တို့က အမြဲအားပေးပါတယ်။ တကယ်အရေးပေါ်မဟုတ်တဲ့ ခေါ်ဆိုမှုတွေ မပြုလုပ်ကြဖို့ ကျွန်တော် တကယ်မျှော်လင့်ပါတယ်။” လို့ Steve ကထပ်မံ ပြောကြားသွားခဲ့ပါတယ်။”

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_77.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...