အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

မယားပါသမီးကို သတ်ပြီး အလောင်းနဲ့ လိင်ဆက်ဆံခဲ့တဲ့ ပထွေး




ပထွေး တစ်ယောက်ဟာ သူ့မယားပါ သမီးကို သတ်ပြီး အလောင်းနဲ့ လိင်ဆက်ဆံကာ ဗီဒီယို ရိုက်ကူး ခဲ့တယ်လို့ သတင်းရ ရှိပါတယ်။

ပထွေးဖြစ်သူ Gregory R Graf က မယားပါသမီးဖြစ်သူ Jessica Padgett ကို သတ်ခဲ့ပြီး သူမ အလောင်းနဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုတာကို ဒီ ဗီဒီယိုဖိုင်က သက်သေပြနိုင်တယ်လို့ တရားရုံးရှေ့နေတွေက ဆိုပါတယ်။

အသက် ၅၃နှစ်အရွယ် Graf ဟာ အသက် ၃၃နှစ်အရွယ် Padgett နဲ့ လိင်ဆက်ဆံချင်တယ်လို့ ပြောပြီး သူမ သေသွားပြီးတဲ့နောက် လိင်ဆက်ဆံခဲ့တာပါ လို့ Graf က တရားစွဲဆိုခံရတဲ့နေ့မှာ အရာရှိတွေကို ပြောခဲ့ပါတယ်။

ဒီအမှုဟာ အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်၊ Allen မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ Graf က Padgett ရဲ့ ခေါင်းနောက်တည့်တည့်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ Padgett ပျောက်သွားလို့ သူ့မိသားစုနဲ့ သူငယ်ချင်းတွေက လိုက်ရှာကြတဲ့အချိန်၊ Graf က Padgett အလောင်းကို သူ့အိမ်မှာ ဖွက်ထားခဲ့တယ်လို့ လည်း သံသယ ရှိခံထားရပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_4.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...