အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 12, 2015

စားဖို့ ပို့လိုက်တဲ့ ဆိတ်နှင့် မိတ်ဆွေ ဖြစ်သွားသည့် ကျား (ရုပ်သံ)




ခင်မင် ရင်းနှီးမှုမှာ ဘောင်တွေ အကန့် အသတ်တွေ မရှိ ပါဘူး။ ရုရှားနိုင်ငံ တရိစ္ဆာန် ဥယျာဉ် တခုမှာ ဆားဘီးယား ကျားတကောင်က ဆိတ်နဲ့ မိတ်ဆွေ ဖြစ်နေတာက ဒီအဆိုပြုချက် မှန်တယ် ဆိုတာကို သက်သေ ပြနေ ပါတယ်။

ဆားဘီးယားကျား အာမာက လှောင်အိမ်ထဲကို စားဖို့ ပို့ပေး လိုက်တဲ့ ဆိတ် တီမာနဲ့ အခုတော့ လှောင်အိမ်ထဲမှာ အတူအိပ် အတူနေ နေတာကို ရုပ်သံမှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီကျားကို အသက်ရှိ သတ္တ၀ါတွေကို တပတ် ၂ ကြိမ် ကျွေးမွေး ရပါတယ်။ အာမာကလည်း လာပို့ပေးတဲ့ သတ္တ၀ါတွေ ထဲက ဆိတ်တွေ အများကြီး သတ်ဖြတ် စားသောက် ခဲ့ပါတယ်။

ဒါပေမယ့် တီမာကို ပို့ပေး အပြီး သူတို့ ၂ ဦးအကြား ထူးခြားတဲ့ ချည်နှောင် မှုတွေ ရှိနေ ပါတယ်။ နောက်ပိုင်း မှာတော့ ဆိတ်အစား ယုန်တွေကို ကျားစားဖို့ ပို့ပေးတယ်လို့ ဆိုပါတယ်။



Original link - http://burmese.dvb.no/archives/126683

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...