အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 8, 2015

ရေခဲနေတဲ့ ကန်ရေပြင်ထဲမှာ စစ်တုရင် ထိုးပြခဲ့တဲ့ အမျိုးသား ၂ ယောက်




စစ်တုရင် ကစားနည်း ဆိုတာဟာ ဥာဏ် အမြော် အမြင်ကို အခြေခံ ထားတဲ့ ကစားနည်း တစ်မျိုးပါ။ စစ်တုရင် ကစားသမား တစ်ယောက် ဆီမှာ ပြိုင်ဘက် ကစားသမားကို အနိုင်ယူဖို့ အတွက် အာရုံ စူးစိုက်မှုကတော့ အပြည့်အ၀ လိုအပ် ပါတယ်။

ဒါကြောင့် ရေခဲနေတဲ့ ကန်ရေပြင်မှာ ရေစိမ်ရင်း စစ်တုရင် ကစားပြဖို့ ဆိုတာဟာ တော်တော် မလွယ်ကူတဲ့ ကိစ္စပါ။ ဒါကို Aအာင်မြင်စွာ လုပ်ပြနိုင် ခဲ့တာကတော့ ရုရှားနိုင်ငံသား အမျိုးသား ၂ ယောက်ပဲ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ သူတို့ရဲ့ ခန္ဓာကိုယ် တစ်ဝက်ကို အေးစက်တောင့်ခဲ နေတဲ့ ရေကန်အတွင်း စိမ်ထားပြီး စစ်တုရင် ယှဉ်ပြိုင် ကစားခဲ့ကြ ပါတယ်။

တစ်ချို့တွေကတော့ ရေခဲပြင်ထဲ စိမ်တာကို Ice Bucket Challenge ဆော့သလိုပဲ လွယ်ကူမယ်လို့ ထင်ထား မိကြမှာပါ။ တစ်ကယ်တော့ ထင်သလောက် မလွယ်ပါဘူး။

ဒီ ရုရှား အမျိုးသား ၂ ဦးကတော့ ရေခဲပြင် ကန်ရေ ထဲစိမ်ပြီး အာရုံ စူးစိုက်မှု ကောင်းစွာနဲ့ စစ်တုရင် ဆက်လက် ကစားပြ ခဲ့ကြပါတယ်။

ဒီဗီဒီယို ကိုတော့ ရုရှားနိုင်ငံ ၊ Yekaterinburg မြို့အနီးက Lake Shartash ဆိုတဲ့ ရေခဲပြင် ရေကန် မှာ ရိုက်ကူး ခဲ့တာပဲ ဖြစ်ပါတယ်။



Ref : Metro

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_12.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...