အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 8, 2015

မူဆလင်ဒုက္ခသည်တွေ တက်မလာအောင် ကားမှာ ၀က်သားဆွဲခဲ့တဲ့ ယာဉ်မောင်း ဒဏ်ရိုက်ခံရ




ဒီရက်ပိုင်း ထွက်ပေါ်လာတဲ့ ဗီဒီယို တစ်ခု ကတော့ ဗြိတိန် နိုင်ငံ အတွင်း ၀င်ရောက်မယ့် လော်ရီကား ရဲ့ နောက်ခန်းမှာ ၀က်သား စိမ်းကြီး ကို ချိတ်ဆွဲ ထားတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။

YouTube မှာ တင်ထားတဲ့ ထိုဗီဒီယို မှာတော့ ၁၈ ဘီးတပ် ဂျာမန် ထရပ်ကား တစ်စီးဟာ ပြင်သစ်နိုင်ငံ Calais ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေပြီး ထိုထရပ် ကားရဲ့ အနောက်ဖက် မှာတော့ ၀က်သားတွေကို ချိတ်ဆွဲ ထားတာပဲ ဖြစ်ပါတယ်။

ယာဉ်မောင်းဖြစ်သူက ယုံကြည် ထားတာ ကတော့ ဒီနည်းလမ်းဟာ ဗြိတိန် နိုင်ငံအတွင်း ၀င်ရောက်ဖို့ ကြိုးစားမယ့် မူဆလင် ဒုက္ခသည် တွေ သူ့ရဲ့ ကားနဲ့ ခိုးပြီး လိုက်လာမှာကို ကာကွယ်နိုင် လိမ့်မယ် ဆိုတာပါပဲ။

အစ္စလာမ် ဘာသာရေး မှာတော့ ၀က်သား စားခြင်းကို ဘာသာရေး စည်းကမ်းတွေ အရ တားမြစ် ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မူဆလင် ဘာသာ ၀င်တွေဟာ ၀က်သား ကို ဝေးဝေးက ရှောင်ကြ ပါတယ်။

ထို ထရပ်ကား မောင်းနှင်သူတွေကိုတော့ စတာလင်ပေါင် ၂ ထောင် ဒဏ်ငွေ ရိုက်ခံခဲ့ ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ လုပ်ရပ်ဟာ ပြင်းထန်တဲ့ သက်ရောက် မှုတွေ ရှိလာနိုင်တဲ့ အတွက်ပါ။ ဒါဟာ လူတွေရဲ့ စားချင်သောက်ချင် စိတ်ကိုပါ ပျက်ပြားအောင် သက်ရောက်မှု ရှိနိုင်တယ်လို့ သက်ဆိုင်ရာက ဆိုပါတယ်။

ထို Calais ဆိပ်ကမ်း အနီးက တောတွင်း မှာတော့ ဒုက္ခသည် ၆၀၀၀ ထောင်လောက် ဒုက္ခသည်စခန်း တည်ဆောက်ပြီး နေထိုင်နေ တယ်လို့ သိထား ရပြီး ထို ဒုက္ခသည်တွေ ဟာလည်း ဗြိတိန်နိုင်ငံ အတွင်း ၀င်ရောက်ဖို့ အခုလို ထရပ်ကားတွေရဲ့ အနောက်ကနေ ခိုးပြီး လိုက်ပါ သွားတတ် ကြပါတယ်။ ဒါဟာ ဆယ်စုနှစ် များစွာအတွင်း အဆိုးရွားဆုံး ဒုက္ခသည် ပြဿနာလည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကပဲ ဘာသာရေး စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဆီးရီယားနိုင်ငံ အတွင်း ဆီးရီးယား နိုင်ငံသား ၄ သန်း ခန့်ဟာ ဒုက္ခသည်တွေ အဖြစ် ဥရောပ တိုက်အတွင်း သို့ ၀င်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။



Ref : Metro

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_77.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...