
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဓားတွေကို မျိုချ တတ်သူ တဦးရဲ့ ဗိုက်ထဲ ကနေ ဓားအချောင်း ၄၀ ကျော် ဆရာဝန် တွေက ခွဲထုတ် ဖယ်ရှား ခဲ့ကြ ပါတယ်။
ဓားတွေကို မျိုချ ရတာ အာသီသ ရှိတဲ့ ရဲအရာရှိ ဆင်းဟာ ယာဉ်မတော်တဆမှု တခုဖြစ်ခဲ့ အပြီး ဓားမျိုးချတဲ့ အကျင့်ပါ ခဲ့ကာ ဓားတွေ မျိုချခဲ့တယ်လို့ ဆိုပါတယ်။
သူ ဗိုက်နာပြီး စားချင် သောက်ချင်တဲ့စိတ် သိပ်မရှိ တော့လို့ ဆေးရုံကို လာပြတဲ့ အခါ ဆရာဝန်တွေက သူ့ကို Scan ဖတ် စစ်ဆေး ခဲ့ကြတာပါ။
“ဗိုက်ထဲကို ကင်မရာထည့် စစ်ကြည့်တဲ့ အခါမှာ ဓားလို သတ္ထုတွေ၊ သစ်သားစတွေကို တအံ့ တသြ စစ်ဆေးတွေ့ရှိ ခဲ့တယ်။ သူ့ ဆရာဝန်သက်တမ်း အနှစ် ၂၀ အတွင်း တခါမှ မတွေ့ဖူးလို့ တကယ့်ရှားရှားပါးပါးပါပဲ” လို့ ခွဲစိတ်ဆရာဝန်တဦးက ပြောဆိုပါတယ်။
ခွဲစိတ်ဆရာဝန် ၅ ယောက်က ၅ နာရီကြာအောင် ဓားအချောင်းရေ ၄၀ ကို ခွဲထုတ်ခဲ့ကြပြီး တချောင်းမှ မကျန်အောင်လည်း သေချာပြန်စစ်ဆေးခဲ့ရ တယ်လို့လည်း ပြောဆိုပါတယ်။
ဆင်းဟာ ယာဉ်မတော်တဆမှုတခုအပြီး လမ်းတောင် သေချာမလျှောက်နိုင်တော့ပဲ တမှိုင်မှိုင်၊ တထိုင်ထိုင်ဖြစ်ခဲ့တာကနေ နည်းနည်းတော့ နာကျင်ပေမယ့် ဒါးတွေကို မျိုချတဲ့အကျင့်ဖြစ်လာတာလို့ပြောဆိုပါတယ်။
အခုတော့ ခွဲစိတ်မှုအောင်မြင်ပြီး သူ့အခြေအနေကောင်းမွန်နေတယ်လို့ ဆရာဝန်တွေက ပြောဆိုပါတယ်။
ဒီဗွီဘီ by DVB
Originally published at - http://burmese.dvb.no/archives/164912

No comments: