အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, September 30, 2015

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ ခန့်က ခေါင်းဖြတ် ကွပ်မျက်ခံ ထားရတဲ့ ဦးခေါင်းခွံရိုး ကို ရှာဖွေတွေ့ရှိ




သိပ္ပံပညာရှင် တွေဟာ ကမ္ဘာကြီးရဲ့ အစောဆုံး လူသား ရဲ့ ဦးခေါင်းခွံ ရိုးကို ရှာဖွေတွေ့ရှိ ခဲ့ကြ ပါတယ်။ သို့သော်လည်း ပိုမို စိတ်ဝင်စား စရာ ကောင်း တာက ထို လူသားဟာ ခေါင်း ဖြတ် ကွပ်မျက် ခံထား ရတယ်လို့ သတ်မှတ် နိုင်တာပဲ ဖြစ်ပါတယ်။

သက်တမ်း အားဖြင့် နှစ်ပေါင်း ၉၀၀၀ ခန့်ကြာ နေပြီ ဖြစ်တဲ့ လူသား ဦးခေါင်း ဟာ ဘရာဇီးလ်နိုင်ငံ အရှေ့ပိုင်းက Lapa do Santo ဆိုတဲ့ဒေသမှာ တူးဖော် တွေ့ရှိ ခဲ့တာဖြစ်ပြီး ရှာဖွေ တွေ့ရှိ ခဲ့သူဖြစ်တဲ့ Max Planck တက္ကသိုလ်မှ ဖြစ်ပေါ်ခြင်း မနုဿဗေဒ ပညာရှင် Andre Strauss ရဲ့ ပြောကြားချက် အရတော့ ထိုဦးခေါင်း ဟာ အကြမ်းဖက် ဖယ်ရှားခြင်း ခံထားရတဲ့ လက္ခဏာ တွေ တွေ့ရ တယ်လို့ သိရပါတယ်။

Andre နဲ့ သုတေသီ အဖွဲ့က ထို ဦးခေါင်းကို စစ်ဆေး လိုက်တဲ့ အခါမှာ လည်ပင်းနား တစ်ဝိုက်မှာ ဦးခေါင်းကို ဖြတ်ထုတ် ထားတဲ့ ထိခိုက် ဒဏ်ရာတွေကို တွေ့ရှိ ရပြန် ပါတယ်။ အဲဒီလို ခေါင်းဖြတ် ရခြင်း အကြောင်း အရင်းကို မသိ ရသေးပါဘူး။

ထို ဦးခေါင်းကို ရှာတွေ့ခဲ့တဲ့ ဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ တုန်းကတော့ အမဲလိုက် လူ့အဖွဲ့အစည်း တွေနေထိုင် ခဲ့ရာဖြစ်ပြီး ထို ဦးခေါင်းခွံ ဖြတ်ထားတဲ့ ပုံစံကို ကြည့်ခြင်း အားဖြင့်တော့ ထို အချိန်တုန်းက ထို ဒေသမှာ နေထိုင် ခဲ့တဲ့ လူတွေရဲ့ ဘ၀တွေကို ခန့်မှန်း ကြည့်နိုင် ခဲ့ပါတယ်။

ထို ဦးခေါင်းနဲ့ ဆက်စပ် နေတယ်လို့ ခန့်မှန်းရတဲ့ လက် အရိုးစု တွေကိုတော့ ထို ဦးခေါင်းနဲ့ ၂ ပေခန့် အကွာမှာတွေ့ခဲ့ ရပြီး ထို လက်မှာတွေ့ရှိ ခဲ့ရတဲ့ အမှတ်အသား ၂ ခု အရ ထို ဦးခေါင်းဖြတ်ခံ ရသူဟာ ဘာသာရေး အခမ်းအနား တစ်ခုရဲ့ အစိတ် အပိုင်း အဖြစ် ကွပ်မျက်ခြင်း ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်း ထားကြ ပါတယ်။

( Mario )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/09/blog-post_59.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...