အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, September 30, 2015

အိပ်ယာ အဖြစ်ပါပြောင်းလဲပေးနိုင်မယ့် အလုပ်စားပွဲ တစ်မျိုးကို ဂရိပညာရှင် တီထွင်




သင်ဟာ အရမ်းကို အလုပ် ကြိုးစားတဲ့ အတွက် သင့်ရဲ့ ရုံးခန်းမှာ အချိန် ကုန်ဆုံးရတာ များလာ ခဲ့ပြီး ရုံးခန်းမှာပဲ ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစား နေတာလား?

ဒါဆိုရင်တော့ အလုပ်လည်း လုပ်နိုင် ၊ အိပ်လို့လည်း ရနိုင်တဲ့ နေရာခြွေတာရေး အလုပ်စားပွဲ တစ်ခု ထွက်ပေါ် လာပါတယ်။

ဂရိ နိုင်ငံက ဗိသုကာ ပညာရှင် တစ်ယောက်ဟာ ထို အိပ်ရာ အဖြစ် ပြောင်းလဲနိုင်မယ့် အလုပ် စားပွဲခုံကို ရုံးနောက် ကျသည် အထိ အလုပ် လုပ်ရတဲ့ ၀န်ထမ်းတွေ အတွက် ရည်ရွယ်ပြီး ထုတ်လုပ် လိုက်ပါတယ်။



"အဓိက ရည်ရွယ်ချက် ကတော့ များသော အားဖြင့် ကျွန်တော်တို့ ဘ၀တွေဟာ ကျွန်တို့ရဲ့ ရုံးခန်းမှာ ရှိတဲ့ နေရာလေး တွေမှာ အံဝင်ခွင်ကျ ဖြစ်လာ အောင် နေထိုင် နေရပါတယ်။

ကျွန်တော် သတိထားမိ ခဲ့တာကတော့ နိုင်ငံသား တိုင်းဟာ လူမှုရေး အကြောင်း အရာတွေပေါ် အခြေခံပြီး မတူညီတဲ့ သိမြင်နားလည် မှုတွေ ရှိနေနိုင် ပါတယ်။" လို့ ထို ဂရိဗိသုကာ ပညာရှင်က ဆိုပါတယ်။

ထို အလုပ် စားပွဲဟာ အလုပ်လုပ်တဲ့ စားပွဲ အဖြစ်လည်း သုံးနိုင်သလို သတ်မှတ် အချိန် မရောက်ခင် အပြီး လုပ်ရမယ့် အလုပ်တွေ ရှိလာတဲ့ အခါမှာ ရုံးခန်းမှာ အချိန်ပို အလုပ် လုပ်ပြီး အိမ်ပြန် စရာ မလိုပဲ တန်းအိပ်နိုင်အောင် စီစဉ် ထားတာပဲ ဖြစ်ပါတယ်။

ထို စားပွဲကိုတော့ သတ္တု ၊ ယွန်း ၊ သစ်သား နဲ့ အဖြူရောင် လယ်သာ တို့ကို အသုံးပြုပြီး တည်ဆောက် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/09/blog-post_33.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...