အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, September 30, 2015

အာလူးကနေ စွမ်းအင်ထုတ်ယူတဲ့ ကမ္ဘာ့ ပထမဆုံး လျှပ်စစ် ဓါတ်အားပေးစက်





Home / featured / အာလူးကနေ စွမ်းအင်ထုတ်ယူတဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ် ဓါတ်အားပေးစက်

ဗြိတိန် နိုင်ငံက မုန့်နှစ် ကုမ္မဏီ တစ်ခုဟာ အာလူးကနေ စွမ်းအင် ထုတ်လုပ် ယူပြီး လျှပ်စစ် ဓါတ်အားပေးစက် လုပ်ဆောင်တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုံ ဖြစ်လာ ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ၊ Carlisle မြို့မှာ အခြေစိုက်တဲ့ Cavaghan and Gray ဆိုတဲ့ ရယ်ဒီမိတ် အစားအစာ ထုတ်လုပ်ရေး စက်ရုံဟာ စွန့်ပစ်ထားတဲ့ အာလူးတွေနဲ့ အာလူး အခွံတွေကို လျှပ်စစ် စွမ်းအင် နဲ့ ရေနွေးငွေ့ စွမ်းအင် အဖြစ် ပြောင်းလဲ လိုက်တဲ့ Biorefinery စနစ်နဲ့ လည်ပတ် နေတာပဲ ဖြစ်ပါတယ်။

သူတို့ စက်ရုံရဲ့ Green Generator ဆိုတဲ့ သဘာဝ စွမ်းအင်သုံး ဓါတ်အားပေးစက်ဟာ တစ်နှစ်မှာ လျှပ်စစ်စွမ်းအင် ၃၅၀၀ MWh ထုတ်လုပ်နိုင်ပြီး ပျမ်းမျှအားဖြင့် အိမ်ခြေပေါင်း ၈၅၀ ရဲ့ လျှပ်စစ်စွမ်းအင် နဲ့ ညီမျှတယ်လို့လည်း သိရပါတယ်။

ထို အာလူးကရတဲ့ စွမ်းအင်နဲ့ လည်ပတ်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်ဟာ နောက်ပိုင်းမှာ ရေနွေးငွေ့ နဲ့ တစ်နှစ်ကို ၅၀၀၀ MWh အထိ ဓါတ်အား ထုတ်လုပ်နိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ထို ကုမ္မဏီဟာ စွမ်းအင်ထုတ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ အာလူးနဲ့ အာလူးအခွံတွေကိုတော့ သူတို့ ကုမ္မဏီက ထုတ်လုပ်တဲ့ အစားအစာတွေက တစ်ဆင့် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

Cavaghan and Gray ကုမ္မဏီ ဟာ အမဲသားနဲ့ ကြက်သွန် အရသာကို အာလူးနဲ့ ဖုံးအုပ် ထားတဲ့ Pie တွေကို ထုတ်လုပ် ရောင်းချတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ရဲ့ ထုတ်ကုန် တွေကနေ ရလာတဲ့ အကြွင်း အကြန် ပစ္စည်းတွေကို အသုံးပြုပြီး စွမ်းအင် အဖြစ် ပြန်လည် အသုံးချ ကြတာပဲ ဖြစ်ပါတယ်။

Cavaghan and Gray ကုမ္မဏီ ရဲ့ မိခင်ကုမ္မဏီ ဖြစ်တဲ့ ဘာမင်ဂမ်မြို့ အခြေစိုက် 2 Sisters အစားအသောက် ကုမ္မဏီကလည်း သူတို့ဟာ ထို Biorefinery စနစ်နဲ့ သူတို့ပိုင်ဆိုင်တဲ့ ဗြိတိန် နိုင်ငံ တစ်ဝှမ်းက စက်ရုံတွေမှာ ဓါတ်အားပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ထို Cavaghan and Gray ကုမ္မဏီဟာ နိုင်ငံပေါင်း ၃၆ နိုင်ငံက လာရောက်တဲ့ ၀န်ထမ်း ၂၃၀၀၀ ယောက်ကျော်ကျော် ခန့်ထားပြီး တစ်နှစ်ကို ကာဗွန်ထုတ်လုပ်မှု ၃၅၀၀၀ တန် တိတိလျှော့ချနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

( Mario )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/09/blog-post_90.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...