အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, September 30, 2015

ဗြိတိန် နိုင်ငံရဲ့ အသေးငယ်ဆုံး ကာယဗလမောင်




ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ် ကတော့ အရပ် ၄ ပေ ၁၀ လက်မ သာ ရှိတဲ့ ဗြိတိန် နိုင်ငံရဲ့ အသေး ငယ်ဆုံး ကာယ ဗလမောင် Choon Tan ဆိုသူပဲ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ Choon ဟာ မွေး ကတည်းက မျိုးရိုးဗီဇ ပြသနာ ကြောင့် အရိုး ဖွံဖြိုးမှု အပိုင်းမှာ ထိခိုက်မှုတွေ ရှိခဲ့ပြီး ကိုယ်ခန္ဓာ ဖွံဖြိုးကြီးထွားမှု အပိုင်းမှာ နှေးကွေး နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်း များစွာ နှိမ်ချ ဆက်ဆံခံ ခဲ့ရပြီး သူ့ရဲ့ မတူညီတဲ့ ခန္ဓာကိုယ် ဖွဲ့စည်း ပုံကြောင့် အမြဲ စနောက် ခံနေရသူ ဖြစ်ပါတယ်။

ဒါကြောင့် Choon ဟာ သူ့ရဲ့ အရပ် အမောင်းကို မပြောင်းလဲ နိုင်ရင်တောင် ခန္ဓာကိုယ် ဖွဲ့စည်းမှုကို ပြောင်းလဲ မယ်လို့ ဆုံးဖြတ်ချက် ချကာ ကာယ ဗလမောင် တစ်ယောက် အဖြစ် ပြောင်းလဲ ရပ်တည်ဖို့ ကြိုးစား ခဲ့တာ ဖြစ်ပါတယ်။

"ငါဟာ လူတိုင်းနဲ့ တူညီတယ်လို့ မခံစား ခဲ့ရပါဘူး။ ငါဟာ အဲဒီ အချက်ကြောင့် အနှိမ်ခံ ခဲ့ရပြီး ဆင်းရဲ ဒုက္ခ ရောက်ခဲ့ ရတယ်။ အဲဒီလို ဘ၀ရဲ့ အဆိုးဆုံး အချိန်ဖြစ် ခဲ့တဲ့ နှစ်ပေါင်း များစွာဟာ ငါ့ကို မျက်လုံး ဖွင့်ထားတဲ့ ခရီးစဉ် တစ်ခုဆီကို တွန်းပို့နိုင် ခဲ့ပါတယ်။" လို့ Choon Tan က Metro သတင်းဌာန ကို ပြောပြ ခဲ့ပါတယ်။

နယူးကာဆယ်မြို့မှာ တည်ရှိတဲ့ Northumbria တက္ကသိုလ် က ကျောင်းသားဖြစ်သူ Choon Tan ဟာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာဖို့ ကာယဗလ တည်ဆောက် မှုကို စတင် ခဲ့ပြီး တစ်ပတ်ကို ၅ ကြိမ် အားကစား လုပ်ခဲ့ကာ သူ့ရဲ့ အစားအစာ ပုံစံတွေကိုလည်း ပြောင်းလဲ ခဲ့ပါတယ်။ Choon ရဲ့ ပြောကြားချက် အရတော့ ပြောင်းလဲမှု ဟာ ရုပ်ပိုင်း ဆိုင်ရာ သာမကပဲ စိတ်ပိုင်း ဆိုင်ရာမှာပါ သက်ရောက် မှုတွေရှိ ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ လက်ရှိမှာ ဆိုရင် ဗြိတိန် နိုင်ငံရဲ့ ကာယဗလ နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု အဖွဲ့ချုပ်ရဲ့ ပြိုင်ပွဲမှာပါ ၀င်ရောက် ယှဉ်ပြိုင်နေပြီ လို့ သိရပါတယ်။

( Mario )

သစ်ထူးလွင်(ဗဟုသုတနှင့် ထူးဆန်းထွေလာ)

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/09/blog-post_30.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...