အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, September 30, 2015

လူတဦးတည်းက ဂီတတူရိယာ ၉၀ ကို တီးမှုတ်ပြသ (ရုပ်သံ)




လူတဦး တည်းက ဂီတ တူရိယာ ၉၀ ကို တီးမှုတ် ပြတာမျိုး အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ် ထဲက ပြတိုက်မှာ တွေ့နိုင် ပါတယ်။

သီချင်း တပုဒ် တည်းမှာ တူရိယာ ၉၀ ကို တီးပြ သွားတဲ့ ဗွီဒီယိုဟာ လူမှု ကွန်ရက် မီဒီယာပေါ်ကို ရောက်ပြီး အခု အတော်ပျံ့နှံ့ နေပါတယ်။

ဂျိုးပန်နာဆိုတဲ့ ဂီတ ၀ါသနာရှင်ကို ဖီးနစ် (Phoenix) မြို့ ဂီတပြတိုက်က ဖိတ်ခေါ်ပြီး ပြတိုက်မှာ စုဆောင်း ထားတဲ့ တူရိယာ ၆၀၀၀ ကျော်ထဲက စိတ်ကြိုက် ရွေးပြီး တီးခတ် စေတာလို့ ဆိုပါတယ်။

အခု ဗွီဒီယိုထဲမှာ မြင်ရ တာကတော့ ဂျိုးပန်နာက ‘Misirlou’ ဆိုတဲ့ ရိုးရာ သီချင်း တပုဒ်ကို တီးခတ်တာ ဖြစ်ပါတယ်။

သီချင်းရဲ့ မူလ ဇစ်မြစ်က ဂရိ၊ တူရကီ၊ အီဂျစ်တို့လို မြေထဲပင်လယ် ဒေသထဲက ဖြစ်ပါတယ်။

ပန်နာက ဘင်ဂျို၊ တယော၊ ပါရှန်း စောင်း အပါအ၀င် တူရိယာ အမျိုးပေါင်း ၉၀ တိတိကို တီးမှုတ် ပြသွား ပါတယ်။

လူမှု ကွန်ရက် မီဒီယာပေါ်မှာ အဲဒီ ဗွီဒီယိုကို ကြည့်ရှုသူ ၃ သိန်းကျော် သွားပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114128

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...