အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 31, 2015

ကျောင်းသားရဲ့ အိမ်စာစာရွက်ပေါ်မှာ အမျိုးသားအင်္ဂါပုံ ရေးဆွဲခဲ့တဲ့ ဆရာမ




ဆရာမဖြစ်သူက ကျောင်းသား တစ်ယောက်ရဲ့ အိမ်စာ စာရွက်ပေါ်မှာ ဧရာမ အမျိုးသား အင်္ဂါပုံကြီး ရေးဆွဲပေး ခဲ့တာကြောင့် ကျောင်းသားရဲ့မိခင်ဖြစ်သူက သူရဲ့သားဖြစ်သူ အထက်တန်း ကျောင်းသားကို တစ်ခြားကျောင်းကို ပြောင်းပေး ချင်တယ်လို့ ဆိုလာ ပါတယ်။

Sandra Green of El Paso က သူ့ရဲ့သားဟာ Chapin High Language Arts ဆရာမဖြစ်သူ Kim Juzdowaski က အိမ်စာစာရွက်ပေါ်မှာ လိင်တံနဲ့ဝှေးစေ့ပုံတွေကို ရေးဆွဲထားခဲ့တဲ့ပုံကို လူမှုကွန်ယက်မှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။

“ ကျွန်မကိုယ်တိုင် သင်ကြားပြသရေးဆရာတစ်ယောက်ဖြစ်လို့ ဆရာမတစ်ယောက်အနေနဲပ ဒါမျိုးလုပ်တာ တကယ်မဖြစ်နိုင်ဘူးလို့ တွေးပါတယ်။ ယုံလည်းမယုံနိုင်ခဲ့ပါဘူး “ လို့ Green က KVIA-TV ကို ပြောကြားခဲ့ပါတယ်။

Green က Juzdowski ကို ဆက်သွယ်ခဲ့ပြီး ဆရာမကလည်း ကောင်လေးက စာသင်ချိန်အတွင်း စိတ်ဝင်စားခြင်းမရှိလို့ ပုံဆွဲခဲ့ကြောင်း ၀န်ခံခဲ့ပါသတဲ့။

“ သူက ကလေးတွေကို ပြစ်ဒဏ်ပေးတာထက် အရှက်ရအောင် လုပ်ခဲ့တာဖြစ်တယ်လို့ ၀န်ခံတယ်လေ” လို့ Green ကဆိုပါတယ်။

ကျောင်းရဲ့တာဝန်ရှိသူတွေကတော့ ဆရာမကို ကျောင်းကနေ ပြောင်းရွှေ့စေဖို့၊ ထုတ်ပယ်ပစ်ဖို့ အစီစဉ်မရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ သူက သူ့ရဲ့အပြုအမူတွေကို ၀န်ခံခဲ့ပြီး သူကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိနေတဲ့အတွက်လို့ ဆိုပါတယ်။

အမေဖြစ်သူကတော့ သူ့ရဲ့သားကို ကျောင်းပြောင်းဖို့ တစ်ခြားကျောင်းတစ်ခုကို စုံစမ်းနေပါပြီတဲ့။

Ref: Upi

Original link -

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...