
သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးဟာ ပန်ဆူဗေးနီးယား ကားပါကင်မှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီ့အမျိုးသမီးဟာ “ရဲ၊ ရဲ” လို့ အော်လိုက်တဲ့အခါ ဓားပြဟာ သေနတ်ကိုပစ်ချပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဓားပြဟာ Pynxy ပလာဇာ၊ Uni-Mart အပြင်ဘက်မှာ သောကြာနေ့နံနက်က အမျိုးသမီးကြီးကို ဓားပြတိုက်ခဲ့တာပါ။ ရဲတွေက အဲ့ဒီ့ ဓားပြကို ရှာဖွေနေကြတယ်လို့ ရဲချုပ် James Borza ကပြောပါတယ်။
အမျိုးသမီးကြီး အော်လိုက်တော့ ဓားပြက ပြာယာခတ်သွားတယ်လို့ Borza ကပြောပါတယ်။ ဓားပြဟာ သေနတ်ကိုပစ်ချလိုက်တဲ့အခါ အဲ့ဒီ့သေနတ်ကို ကားအောက်ထဲရောက်အောင် အမျိုးသမီးကြီးက ကန်လိုက်တယ်လို့ သိရပါတယ်။ အခြောက်ခံလိုက်ရတဲ့ ဓားပြကတော့ ထွက်ပြေးသွားခဲ့ပါတယ်။
သေနတ်က တကယ့်သေနတ်နဲ့တော့ တူပေမဲ့ ခဲသီးပဲပစ်လို့ရတယ်လို့ ရဲတွေကပြောပါတယ်။ ဓားပြတိုက်ဖို့ ကြိုးစားခဲ့သူဟာ ဘယ်သူဘယ်ဝါဆိုတာ သိနိုင်မယ့် မျက်မြင်တစ်ယောက်ယောက် ရှိလိမ့်မယ်လို့ ရဲတွေက မျှော်လင့်နေပါတယ်။
Ref: AP
Original link - http://knowledge.thithtoolwin.com/2015/10/blog-post_98.html
| ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |






No comments: