
Houston မှ ရဲအရာရှိ တစ်ယောက်ဟာ ဆိုင်ကယ်ပေါ်က ကောင်မလေး တစ်ယောက်ကို ဆွဲချပြီး သူမရဲ့ ခြေထောက်တွေကို လျက်ချင် ပါတယ်လို့ ခွင့်တောင်း ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အဲ့ဒီ အရာရှိဟာ အမှုရင်ဆိုင် ခဲ့ရပါတယ်။
ကောင်မလေးရဲ့ ခြေထောက်ကို လျက်ချင်ခဲ့တဲ့ ရာအရာရှိကို တရားသူကြီးက ထောင်ဒဏ်တစ်နှစ် ချမှတ် ခဲ့ပါတယ်။
သူ့ရဲ့ နာမည်က Patrick Quinn ဖြစ်ပြီး အသက်ကတော့ ၂၇နှစ်ပါ။ Cypress-Fairbanks ကျောင်း ရဲအရာရှိ ဟောင်းတစ်ယောက်ပါ။ အပြစ်ရှိကြောင်း ထင်ရှားတဲ့အတွက် ဗုဒ္ဓဟူးနေ့က Houston မှာ ထောင်ဒဏ် ချမှတ်ခဲ့တာပါ။
တရားရုံး မှတ်တမ်းတွေအရ၊ Quinn ဟာ ကောင်မလေးတစ်ယောက်ရဲ့ ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့ပြီး စစ်ဆေးခဲ့ရာ ဆေးခြောက်တွေ တွေ့ရှိခဲ့ပါတယ်။ သူက ကောင်မလေးတွေရဲ့ ခြေထောက်ကို စွဲလမ်းတတ်သူတစ်ယောက် ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူမရဲ့ ခြေထောက်တွေကိုသာ လျက်ခွင့်ရပြီး သူမရဲ့ အတွင်းခံကိုသာပေးခဲ့မယ်ဆိုရင် သူမကို လွတ်ပေးမယ်လို့ ပြောလိုက်ပါတယ်။
ဒါပေမဲ့ နောက်တော့ သူစိတ်ပြောင်းသွားပြီး သူမကို သွားခွင့်ပေးလိုက်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
Ref:AP
Original link - http://knowledge.thithtoolwin.com/2015/10/blog-post_28.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: