
Paraguay မှာ ပုပ်ဆွေးနေတဲ့ ဒဏ္ဍာရီလာ Chupacabra သတ္တဝါကြီး တစ်ကောင်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ ရပါတယ်။ ဒါကို သက်သေပြနိုင်ဖို့ အတွက် ဒေသခံတွေက ဗီဒီယိုလဲ ရိုက်ကူး ခဲ့ပါတယ်။
ရေထဲမှာတွေ့ရတာဟာ ဒဏ္ဍာရီလာ မကောင်းဆိုးရွားကြီး တစ်ကောင်ရဲ့ အလောင်းများလား။
ဒီလိုသတ္တဝါကြီးတွေဟာ လက်တင် အမေရိက ဒေသတွေမှာ မှီတင်းနေထိုင်ကြတယ်လို့ အယုံအကြည် ရှိကြပါတယ်။ ဝက်ဝံငယ် တစ်ကောင် အရွယ်အစားရှိပြီး ကျောဘက်မှာလည်း ဆူးတောင်တွေရှိတယ်လို့ သိရပါတယ်။
ဒေသခံတွေကို အကြမ်းဖက်ပြီး မွေးထားတဲ့ တိရစ္ဆာန်တွေရဲ့ သွေးကို သောက်တယ် ဆိုပြီး Puerto Rico, Chile နဲ့ Mexico ဒေသတွေမှာ ကောလာဟလ ထွက်ရှိနေပါတယ်။
ဒီအလောင်းကောင်မှာ လူနဲ့တူတဲ့ လက်တွေလည်းရှိပါတယ်။ မြစ်ကမ်းအစွန်မှာ ရေပေါ်ပေါ်နေ တာကို တွေ့မြင်နိုင်ပါတယ်။
“လူသားဆန်ဆန် အသွင်အပြင်ရှိတဲ့ မျောက်ဝံ တစ်ကောင်နဲ့တူတယ်။ ဒါပေမဲ့ ဘာကောင်ဆိုတာကို အတိအကျပြောနိုင်တဲ့ သူမရှိဘူး။” လို့ ဆေးမှုခင်းပညာရှင် Pablo Lemir ကပြောခဲ့ပါတယ်။
Ref: Mirror
Original link - http://knowledge.thithtoolwin.com/2015/10/blog-post_53.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: