အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

ဂြိုဟ်ရံ လပေါ် အာကသယာဉ် ဖြတ်သန်းရိုက်ကူး ဓာတ်ပုံများ ဖြန့်ချိ (ရုပ်သံ)




အမေရိကန် အမျိုးသား အာကာသသိပ္ပံ (နာဆာ) က လွှတ်တင်တဲ့ ကက်စီးနီ အာကာသယာဉ် ကနေ ရိုက်ကူး ထားတဲ့ စနေဂြိုဟ်ရဲ့ ဂြိုဟ်ရံလ အန်းစေလာဒပ်စ်ရဲ့ ဓာတ်ပုံတွေကို အောက်တိုဘာ ၁၅ ရက်နေ့က ဖြန့်ချိ လိုက်ပါတယ်။

ဒီပုံတွေကို အောက်တိုဘာ ၁၄ ရက်နေ့ ပျံသန်းမှု အတွင်း ရိုက်ကူး ခဲ့တာပါ။

အာကာသယာဉ်ဟာ ဂြိုဟ်ရံလရဲ့ မြောက်ဝင်ရိုးစွန်းက သမုဒ္ဒရာအပေါ် ၁၁၄၂ မိုင် အကွာကနေ ဖြတ်ပြီး ပျံသန်းခဲ့တာပါ။

ဂြိုဟ်ရံလရဲ့ မြောက်ပိုင်းဒေသဟာ ပင့်ကူကွန်ရက်လို ပါးလွှာတဲ့ အက်ကြောင်းတွေနဲ့ ယှက်သွယ်နေတယ်လို့ နယူးယောက်မြို့ ကောနဲလ်တက္ကသိုလ် ကက်စီးနီ အာကာသယာဉ်ရဲ့ ပုံဖော်ရေးအဖွဲ့ဝင် ပေါလ် ဟဲဖန်စတိန်းက ပြောတယ်လို့ နာဆာက ထုတ်ပြန်တဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အာကာသယာဉ် ကက်စီးနီဟာ ဂြိုဟ်ရံလအပေါ် အောက်တိုဘာ ၂၈ ရက်နေ့မှာ ထပ်ပြီး ပျံသန်းဖို့ စီစဉ်ထားပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116927

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...