အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 7, 2015

ပျောက်နေတဲ့ အမှတ်တရ အချိန်ဗူးကို ကျောင်းသားဟောင်းတွေ Facebook မှာ စုစည်းပြီး ရှာနေ




စင်ထရယ် ကယ်လ်ဖိုးနီးယားမှ Hoover အလယ်တန်း ကျောင်း ကျောင်းသား ဟောင်းတွေဟာ ကျောင်းနှစ်ငါးဆယ် ပြည့်မှာ အမှတ်တရ အချိန်ဗူး ကို ပြန်လည် ဖွင့်နိုင်ဖို့ ကြိုးစားနေ ကြပါတယ်။ လောလောဆယ် အဲဒီ အမှတ်တရ အချိန်ဗူးဟာ ပျောက်နေ တယ်လို့ သတင်း ထွက်ရှိ ထားပါတယ်။ ခတ်တာက အမှတ်တရ အချိန်ဗူး ဘယ်နေရာမှာ မြှုပ်ထား တယ် ဆိုတာကို ဘယ်သူမှ မမှတ်မိတော့ တာပါပဲ။

အမှတ်တရ အချိန်ဗူး ဆိုတာကတော့ နောင်တစ်ချိန်မှာ ပြန်ရှာပြီး ဖွင့်ကြည့်ဖို့အတွက် လက်ရှိ အချိန်မှာ အမှတ်တရ ပစ္စည်းတွေကို ထည့်သွင်း မြှုပ်နှံထားတဲ့ ဗူး (သို့) သေတ္တာလေးပါ။

၁၉၇၆ခုနှစ်မှာ ဆရာ Jack Deppner က ကျောင်းသား တွေကို ၈မီလီမီတာ ကင်မရာနဲ့ မှတ်တမ်း တင်ခဲ့တယ်လို့ Florida Today က သတင်း ထုတ်ပြန် ပါတယ်။ အမှတ်တရ အချိန်ဗူးကို မြှုပ်နှံတဲ့ အချိန်မှာ ဗူးမြှုပ်တဲ့ နေရာကို ပြန်ဖော်ပေးနိုင်တဲ့ အမှတ်တရတွေ ကိုလည်း သူက သိမ်းထား ခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းသားဟောင်း တွေဟာ Facebook ပေါ်မှာ ပြန်လည် စုစည်းကြပြီး အမှတ်တရ အချိန်ဗူးကို ပြန်လည် ရှာဖွေနိုင်ဖို့ အကြံထုတ် နေကြ ပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှ မြှုပ်ထားတယ် ဆိုတာကို တစ်ယောက်မှ မသိကြ သေးပါဘူး။ ဆရာဟောင်း Deppner ကလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက သေသွား ခဲ့ပါပြီ။

သတ္တု ရှာဖွေစက်နဲ့ မြေအောက် ဖောက်ကြည့် ရေဒါတွေကို သုံးပြီး ကျောင်းဝင်းထဲမှာ ရှာဖို့ အစီအစဉ် ဆွဲနေတယ် လို့တော့ ကျောင်းသားဟောင်း Dawn Atkinson-Spaccio ကပြော ပါတယ်။ တူးရမယ့် နေရာ သတ်မှတ် ပြီးရင် စတင် တူးဖော်ဖို့ အတွက် ကျောင်းကနေ ခွင့်ပြုချက် တောင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/facebook.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...