အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 22, 2015

မအင်္ဂါထဲ သေနတ်ဖွက် ထားတဲ့ အမျိုးသမီးကို ထောင် ၃နှစ်ချ




အမျိုးသမီး တစ်ယောက်ဟာ သူ့ရဲ့ ယောနိထဲကို ကျည်ဆံ အပြည့်ဖြည့်ထားတဲ့ သေနတ် ဖွက်ထား ခဲ့တာကြောင့် ထောင်သုံးနှစ် ချမှတ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

သူ့နာမည်ကတော့ Dallas Archer ပါ။ အမေရိကန် ပြည်ထောင်စု၊ တန်နက်စ်စီ ပြည်နယ်၊ ကင်းစပေါ့မြို့မှာ ယာဉ်စီးကမ်း ချိုးဖောက်ရာ ကနေ တရား မဝင် လက်နက် သယ်ဆောင်မှုနဲ့ တရား စွဲဆိုခံ ခဲ့ရတာပါ။

အသက် ၂၁နှစ် ရှိပြီဖြစ်တဲ့ သူ့ကို လိုင်စင် သံသယမှုနဲ့ ကားရပ် ခိုင်းခဲ့ပြီး စစ်ဆေးခဲ့ရာ သူ့ရဲ့ပေါင်ကြားမှာ အမျိုးအမည် မသိ ပစ္စည်း တစ်ခုကို ရဲတွေက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ အမျိုးသမီး ရဲ အရာရှိဟာ သူ့ကို အိမ်သာထဲ ခေါ်သွားပြီး စစ်ဆေးရာမှ သူ့ရဲ့ ပစ္စည်းထဲမှာ ဖွက်ထားတဲ့ .22 ပစ္စတို တစ်လက်ကို ရှာဖွေ တွေ့ရှိခဲ့ တာပဲ ဖြစ်ပါတယ်။

ဒီသေနတ်ကို ကားအရောင်း သမားဟောင်း အသက် ၇၀ အရွယ်ရှိ John Souther ရဲ့ကားထဲ ကနေ ခိုးယူ ခဲ့တာဖြစ်ကြောင်း စုံစမ်း သိရှိခဲ့ ရပါတယ်။ လိုင်စင်မ ရှိမှု၊ အာမခံ မပြနိုင်မှု၊ လက်သရမ်း ဖျက်စီးမှု၊ ဆေးခြောက် လက်ဝယ်တွေ့မှု၊ တရားရုံး မတက်မှု တွေ အပါအဝင် အခြားပြစ်မျှုတွနဲ့ အပြစ် ရှိကြောင်း ထင်ရှားတဲ့ အတွက် ထောင် ၃နှစ် ချမှတ်ခဲ့ တာပါ။

သူ ဘာကြောင့် သေနတ်ကို သူ့မိန်းမ အင်္ဂါထဲမှာ ဖွက်ထားခဲ့လဲ ဆိုတဲ့ အကြောင်းကို သူဘယ်တုန်း ကမှ မဖြေခဲ့ဘူးလို့ ရှေ့နေဖြစ်သူ Daniel Cantwell ကပြောခဲ့ ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_80.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...