အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 21, 2015

Canadian ကောလိပ် ကျောင်းသားက ဘီယာသောက်ရင်း အပြေး စံချိန်သစ် ချိုးခဲ့




ကနေဒါနိုင်ငံသား Lewis Kent ဟာ သူကိုယ်တိုင် ကမ္ဘာ့စံချိန် တင်ထားတဲ့ ဘီယာ သောက်ရင်းပြေးတဲ့ မိုင်အရေ အတွက်ကို စံချိန်ချိုး ခဲ့တာဖြစ်ပြီး အားကစား ကုမ္ပဏီ Brooks နဲ့ လောင်းကြေးထပ် ထားတဲ့ ဖိနပ်ကိုလည်း ပိုင်ဆိုင် သွားခဲ့ပါပြီ။

အင်္ဂါနေ့က အသက် ၂၂ နှစ် အရွယ် University of Western Ontario က ကျောင်းသားဟာ မီတာ ၄၀၀ အပြေး လမ်းကြောင်းမှာ ဘီယာသောက်ရင်း ပြေးခဲ့ တာဖြစ်ပြီး စုစုပေါင်းကြာချိန် လေးမိနစ်နဲ့ ၅၁စက္ကန့်နဲ့ စံချိန်ချိုး သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခုလို စံချိန်ချိုးပြပြီး ခဲ့တဲ့နောက်မှာတော့ Kent ဟာ Brooks ကုမ္ပဏီနဲ့ လောင်းကြေး ထပ်ထားခဲ့တဲ့ အကြောင်း ကြေညာ သွားတယ်လို့ ESPN သတင်းက ဆိုပါတယ်။

Brooks ရဲ့ Marketing မန်နေဂျာဖြစ်သူ Jennie Lafayette ကတော့ ဒီလောင်းကြေး ထပ်မှုအပေါ် အသေးစိတ် ရှင်းလင်းပြောဆို သွားတာ မရှိပါဘူးတဲ့။

Kent ဟာ ပြီးခဲ့တဲ့တစ်ခေါက်က လေးမိနစ်နဲ့၅၅ စက္ကန့်ကြာ ဘီယာသောက်ရင်းပြေးခဲ့တာဖြစ်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

“ ဒါက အိပ်မက်လိုပါပဲ။ ကျွန်တော်က ဘီယာသောက်ရင်းပြေးရတာကို အမြဲသဘောကျတဲ့သူပါ။ ဒါပေမယ့် ဒီလို ကမ္ဘာ့စံချိန်ကို ၂ခါတိတိချိုးနိုင်မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး” လို့ Kent ကဆိုပါတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/11/canadian.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...