အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 21, 2015

မောင်နှမတွေနဲ့ ကစားပြီးနောက် မီးဖိုထဲမှာ အသေမီးရှို့ခံရတဲ့ ပိစိကွေး




မောင်နှမ အကြီးသုံးယောက်နဲ့ ကစားပြီးတဲ့ နောက်မှာတော့ လမ်းလျှောက်တတ် ကာစ ကလေးငယ် တစ်ယောက်ဟာ မီးဖိုထဲမှာ အသေ မီးရှို့ခံခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ ကလေးရဲ့ မောင်နှမ အကြီး ၃ ယောက်ဟာ အသက် ၃နှစ် ကနေ ၅နှစ် အတွင်း ရှိပြီး အိမ်မှာ ကလေးတွေပဲ ကျန်ခဲ့ကြတဲ့ အချိန် ဖြစ်ပွားခဲ့တာပါ။

မီးရှို့ခံရတဲ့ ကလေးငယ်ရဲ့ အမည်ဟာ J'zyra Thompson ဖြစ်ပြီး သူ့အလောင်းကို ချက်ပြုတ်တဲ့ နေရာမှာ ရှာတွေ့ ခဲ့တာပါ။ ကလေးတွေရဲ့ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ တနင်္လာနေ့ ညက အလုပ်လုပ်ဖို့ အတွက် ထွက်သွား ခဲ့တာဖြစ်ကြောင်း ရဲတွေက ပြောခဲ့ပါတယ်။

ကလေးတွေဟာ မီးဖိုနဲ့ ကစားခဲ့ ကြတယ်လို့ ထင်ရကြောင်းနဲ့ အခင်းဖြစ်ပြီး များမကြာ ခင်မှာပဲ ရဲတွေကို ဖုန်းခေါ် ခဲ့ကြကြောင်း အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Houston မြို့ ရဲအရာရှိ တွေက ပြောခဲ့ပါတယ်။

ကလေးမလေးဟာ မီးဖိုထဲမှာလား၊ ဖိုခွင်ပေါ်မှာလား ဆိုတာတော့ မရှင်းကြောင်း ရဲတွေက ထပ်မံပြောကြား ခဲ့ပါတယ်။ အမျိုးသမီးဟာ သူ့ရည်းစားကို ဂရုစိုက်ဖို့ အတွက် ကလေးတွေကို အိမ်မှာ ထားခဲ့ကြောင်း ဆိုထားပေမဲ့ အခင်းဖြစ်တဲ့ အချိန်မှာတော့ သူတစ်ယောက်တည်း ရှိနေခဲ့တာပါ။ မနေ့က ကလေးမိခင်နဲ့ သူ့ရဲ့ရည်းစားကို မေးခွန်းတွေ ထုတ်ခဲ့ကြပြီး ကလေးတွေ ကိုတော့ စောင့်ရှောက်မှု ဂေဟာကို ခေါ်ဆောင် သွားပါတယ်။

မည်သည့် တရားစွဲဆိုမှု ကိုမျှတော့ မလုပ် ရသေးပါဘူး။ "သမီးလေးက အရမ်းချစ်ဖို့ ကောင်းတာ။ ဒီလိုဖြစ် သွားတာ ရှင်းမပြနိုင် စရာပဲ။ ကျွန်မမှာ ပြောစရာ စကား မရှိပါဘူး။" လို့ J'zyra ရဲ့ မိခင်ဖြစ်သူ Gina Dennis က ပြောသွား ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_68.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...