အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 12, 2015

ခါးအောက်ပိုင်းကို ဆေးခြယ်ကာ ဟောင်ကောင်မြို့ လယ်မှာ အ၀တ်ဗလာနဲ့ လျှောက်လည်ခဲ့တဲ့ မော်ဒယ်




အမျိုးသမီး တစ်ယောက်ဟာ တီရှပ်တစ်ထည်၊ ရွှေရောင် ကျောပိုးအိတ်နဲ့ ဖိနပ် တစ်စုံက လွဲပြီး ကိုယ်အောက် ပိုင်းကို ဘာမှ မ၀တ်ဆင်ဘဲ ဟောင်ကောင်မြို့ လယ်မှာ လျှောက်သွား ခဲ့ပေမယ့် ဘယ်သူမှ သတိပြု မကြည့် ခဲ့ကြပါဘူး။

ရွှေရောင် ဆံပင်ဖျော့နဲ့ မော်ဒယ်ဟာ ခါးအောက်ပိုင်းကို လုံးဝ ဗလာကျင်း ထားပေမယ့် အပြာရောင် skinny ဂျင်းဘောင်းဘီ ၀တ်ဆင်ထားတဲ့ ပုံစံမျိုး ဆေးခြယ် ထားတာ ဖြစ်ပါတယ်။

အဆိုပါမော်ဒယ်ဟာ ရှော့ပင်းစင်တာတွေဝင်၊ စက်လှေကားစီး၊ လူထူတဲ့လမ်းတွေအနှံ့  ဘောင်းဘီမပါဘဲ လျှောက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ သူမလွယ်ထားတဲ့ကျောပိုးအိတ်ကို ဖြုတ်ကာ တီရှပ်မှာ ရေးထားတဲ့ “No pants are the best pants’ ဆိုတဲ့ စာသားကို လှစ်ဟပြခဲ့တာကို ဗီဒီယိုမှာ တွေ့ မြင်ရပါတယ်။

ဗီဒီယိုအစမှာ ခန္ဓာကိုယ်ဆေးခြယ်ပညာရှင် Sandra Bakker ဟာ မော်ဒယ်ရဲ့ ခြေချောင်းတွေကို ဂရုတစိုက် ဆေးခြယ်ပေးနေတာကို မြင်ရပါတယ်။ Sandra ဟာ ဂျင်းဘောင်းဘီတစ်ထည်အတိုင်း တစ်ထေရာတည်းတူတောင် ဆေးအပြာရောင်အမျိုးမျိုးကို ရောစပ်ကာ အနုစိတ်ဆွဲပြခဲ့တာ ဖြစ်ပါတယ်။ တကယ့်ဂျင်းဘောင်းဘီအတိုင်း သဘာဝကျအောင်လို့ ဂျင်းဘောင်းဘီရဲ့ ဘေးဘက်နဲ့ နောက်တွေမှာ အိတ်ကပ်တွေ ရယ် ဘောင်းဘီချုပ်ရိုးတွေကို ဆွဲပေးခဲ့ပါတယ်။

ထို့ နောက်မှာတော့ မော်ဒယ်ဟာ လူထူတဲ့လမ်းတွေကို ဖြတ်၊ဈေးဝယ်၊ အနုပညာလက်ရာတွေလိုက်ကြည့် တဲ့ အပြင် လူပြည့်နေတဲ့ရထားပေါ် အောက်ပိုင်းဗလာနဲ့ တက်စီးခဲ့တာတောင် ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။

မော်ဒယ်ကိုဆေးခြယ်ပေးခဲ့တဲ့ ပညာရှင် Sandra Bakker ဟာ ဟောင်ကောင်မှာနေထိုင်သူဖြစ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်တွေကိုဆေးခြယ်ပေးတဲ့သူမရဲ့ အသက်မွေး လုပ်ငန်းနဲ့ လူသိများသူ တစ်ဦးဖြစ်ပါတယ်။ မဂ္ဂဇင်းတွေမှာလည်း ထည့်သွင်းဖော်ပြခံရဖူးကာ ကမ္ဘာအနှံ့ က catwalk လမ်းတွေမှာလည်း လျှောက်လမ်းခဲ့ဖူးသူ တစ်ဦးဖြစ်ပါတယ်။

အခုအခါမှာတော့ သူမဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားတွေ၊ တီဗီရှိုး တွေနဲ့ ရုပ်ရှင်၊ပြဇာတ်ဖန်တီးမှုတွေရဲ့ special effects ပြုလုပ်မှုအပိုင်းကို ကြိုးစား လေ့လာလျက်ရှိပါတယ်။

ဒီဗီဒီယိုကို Youtube မှာတင်ခဲ့ပြီးနောက် ကြည့်ရှုမှုပေါင်း ၂၈၆၀၀၀ ကြိမ် ရထားပါတယ်။



Ref : Dailymail

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_43.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...