အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

ကျန်းမာရေးနဲ့ ကာမဆက်ဆံမှု ပိုကောင်းဖို့ အတွက် ပေါင်ကြားမွှေး ရိတ်သော ယောကျာ်းတွေ ပိုများလာ




မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရိတ်တာက စတယ်၊ နောက်တော့ ရင်ဘတ်မွှေး ရိတ်တာတွေ ဖြစ်လာတယ်။ ခုတော့ ပေါင်ကြားမွှေး ရိတ်တဲ့ ခေတ် ရေစီးကြောင်းက ယောကျာ်းတွေမှာ အရင် ကထက် ပိုများ လာပါပြီ။ ကိုယ်ခန္ဓာ အမွှေး အမျှင်တွေကို သပ်သပ် ရပ်ရပ် ထားရှိ တာဟာ အမျိုးသားတွေကြားမှာ သိသိသာသာ ခေတ်စား လာတယ်ပဲ ပြောရမှာပါပဲ။

David Beckham နဲ့ Daniel Craig တို့ အပါအဝင် နာမည်ကြီး တွေဟာ ရင်ဘတ်မွှေးတွေကို ရိတ်ထား ကြပါတယ်။ ဒီလို နာမည်ကြီး တွေက အစပြုလုပ် ခဲ့ကြတာဟာ အမျိုးသားတွေ ရင်ဘတ်မွှေး ရိတ်စေဖို့ကို အားပေး ခဲ့ပါတယ်။

အမျိုးသား ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ပေါင်ခြံကြားမွှေးတွေကို ရိတ်ကြတယ်လို့ Gillette ပြုလုပ်ခဲ့တဲ့ မကြာသေးမှီက စစ်တမ်း တစ်ခုက ဖော်ပြ ခဲ့ပါတယ်။

ဒါဆို အမျိုးသားတွေဟာ အောက်ပိုင်းနေရာ အသွင် အပြင်ကို ဘာကြောင့်များ အာရုံစိုက် လာတာပါလဲ။

ဒီလိုပြုလုပ်ခြင်းက "ကာမဆက်ဆံမှု အတွက် ပိုကောင်းတယ်" လို့ သူတို့ယုံကြည် ထားပြီး အမျိုးသမီး တွေကို ပေါင်ခြံကြားမွှေး ရိတ်ဖို့ သူတို့မျှော်လင့် ထားကြတဲ့ အတွက် သူတို့ဘက်က ဒီလို လုပ်တာ ဟာလည်း မျှတတယ်လို့ သူတို့က ယူဆ ကြပါတယ်။

အမျိုးသား အသွင်အပြင် ပိုင်းပေါ်မှာ အရင် ကထက် ဖိအားတွေ ရှိလာတယ်လို့ ယုံကြည်ကြောင်း လန်ကတ်စတာ တက္ကသိုလ်မှ လူမှု စိတ္တပညာ သုတေသန တွဲဖက် ဒေါက်တာ Matthew Hall ကပြောပြခဲ့ပါတယ်။

သူဟာ အမျိုးသား လိင်လက္ခဏာ အကြောင်းအရာနဲ့ ပတ်သက်ပြီး လေ့လာမှု အမျိုးမျိုး လုပ်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_92.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...