အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

အလောင်းတွေပဲ ပါလာတဲ့ မြောက်ကိုရီးယား သဘောင်္ ၁၁ စင်းကို ဂျပန်နိုင်ငံမှာ တွေ့ရှိ




ဂျပန်နိုင်ငံ ကမ်းရိုးတန်း တစ်နေရာမှာ တစ္ဆေ သဘောင်္လို့ ပြောလို့ ရမယ့် သဘောင်္ပျက် ၁၁ စီးကို ရှာဖွေ တွေ့ရှိခဲ့ပြီး ထို သဘောင်္တွေပေါ်မှာ အရိုးစု အခု ၂၀ ကို ရှာဖွေ တွေ့ရှိခဲ့ ကြပြန်ပါတယ်။

ဒီသဘောင်္တွေ ကမ်းရိုးတန်း ကိုဘယ်လို ရောက်လာတယ် ဆိုတာကိုတော့ ဂျပန်နိုင်ငံရဲ့ ဆိပ်ကမ်း လုံခြုံရေး ၀န်ထမ်း တွေလည်း မသိရှိ ခဲ့ကြဘူးလို့ ဆိုပါတယ်။ နိုဝင်ဘာလ အစောပိုင်းတုန်း ကတော့ သစ်သား သဘောင်္ ၄ စင်းဟာ အရင်ဆုံး ဆိပ်ကမ်းကို ဆိုက်ကပ် လာတာ ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်တုန်း ကတော့ ကျန်တဲ့ သဘောင်္ ၇ စင်း ကို ဂျပန်ပင်လယ် ထဲမှာ မျောနေတာ တွေ့ခဲ့ ပြန်တာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ကယ်ဆယ်ရေး သမားတွေဟာ အသက် ရှင်ကျန်နေရစ် သူများ ရှိလိမ့် ဦးမလားလို့ ရှာဖွေခဲ့ ပေမယ့်လည်း အရိုးစု များကိုသာ တွေ့ခဲ့ ရတာ ဖြစ်ပါတယ်။ နောက်ဆုံး သဘောင်္ကိုတော့ တိုကျိုမြို့ရဲ့ မြောက်ဘက် မိုင် ၂၅၀ အကွာမှာ ရှိတဲ့ Fukui ဆိပ်ကမ်း မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ခဲ့တာ ဖြစ်ပြီး ထို သဘောင်္ပေါ်မှာလည်း အလောင်း ၃ လောင်း ပါဝင် လာတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့ ကအတည်ပြုပေး ခဲ့တာကတော့ ရှာဖွေ တွေ့ရှိခဲ့တဲ့ အလောင်းတွေ အားလုံးဟာ အရိုးစုတွေလို ဖြစ်နေ တယ်လို့လည်း ဂျပန် ရုပ်သံ သတင်းလိုင်း NHK က တင်ပြ ခဲ့ပြန်ပါတယ်။

သဘောင်္ပေါ်မှာ ပါဝင်တဲ့ အ၀တ်အစား တွေကို ကြည့်လိုက်တဲ့ အခါမှာတော့ မြောက်ကိုရီးယား အလံ တွေ ဖြစ်နေ တာကို တွေ့ရ ပြန်ပါတယ်။ သဘောင်္ တစ်စီးမှာလည်း "မြောက် ကိုရီးယားပြည်သူ့ တပ်မတော်" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားတာ တွေ့ရပါတယ်။

ဒီသဘောင်္တွေဟာ မြောက်ကိုရီးယား ငါးဖမ်းအဖွဲ့တွေ (သို့) ကင်ဂျုံ အွန်ရဲ့ အုပ်ချုပ်မှု အောက်က ထွက်ပြေးလာတဲ့ ပြည်သူတွေလည်း ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံရဲ့ သဘောင်္တွေ ဟာလည်း အနောက်နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အလွန် ရိုးရှင်းနေပါတယ်။ ရေဒါလည်း မပါသလို မောင်းနှင် ရတာလည်း ခက်ခဲ ပါတယ်။

ကမ်းခြေ လုံခြုံရေး အဖွဲ့က NHK သတင်းဌာနကို ပြောပြခဲ့တာက ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ သဘောင်္နဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့ အကြောင်း အရင်းကို မသိရ မချင်း ရှာဖွေနေရ ဦးမှာ ဖြစ်တယ် ဆိုတာပါပဲ။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_67.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...