အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

အိမ်နီးချင်းရဲ့ ဒရုန်းကို ခဲနဲ့ပေါက်ခဲ့တဲ့ အဖွားအို ဒဏ်ငွေ ရိုက်ခံရ




Pennsylvania တရားရုံး ကနေ အမိန့် ချမှတ်ခဲ့တာ ကတော့ သြဂုတ်လ တုန်းက အမျိုးသမီး တစ်ဦးဟာ အိမ်နီးချင်း တစ်ဦးရဲ့ Drone ယာဉ်ပျံကို ခဲနဲ့ ပေါက်ခဲ့တဲ့ အတွက် လျော်ကြေးငွေ ပေးဆောင် ရမယ် ဆိုတာပါပဲ။

အသက် ၆၅ နှစ် ရှိနေပြီ ဖြစ်တဲ့ Martina Wlodarsky ဆိုသူ အမျိုးသမီးဟာ သူမရဲ့ အိမ်နီးချင်း တစ်ဦးဖြစ်တဲ့ Mark Shock ရဲ့ Drone ကို ခဲနဲ့ ပစ်ပေါက် မိတဲ့ အတွက် ဒေါ်လာ ၆၀၀ လျော်ကြေး ပေးရမှာပါ။

Wlodarsky က အခိုင်အမာ ဆိုခဲ့တာ ကတော့ သူမရဲ့ ပြတင်းပေါက်နား ကနေ ထူးဆန်းတဲ့ အသံတွေ ကြားရတဲ့ အတွက် ကြည့်လိုက်တဲ့ အခါမှာ ထို Drone ကို တွေ့လိုက် တာကြောင့် အံ့အားသင့် သွားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အတွက် ခဲနဲ့ ပစ်ပေါက် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"သူ့အသံဟာ weed-wacker တစ်ခုလိုပဲ ကျွန်မ မျက်စိ တည့်တည့်ကို ပျံသန်း လာပါတယ်။ ကျွန်မမှာ ရွေးချယ်စရာ မရှိပါဘူး။

အဲဒီ ကိရိယာ ဟာ ထိန်းချုပ်မှု အောက်မှာ ရှိတယ်လို့လည်း ဘယ်သူမှ ကျွန်မကို မပြော ထားပါဘူး" လို့ Wlodarsky က ရှင်းပြ ပါတယ်။

Drone ရဲ့ ပိုင်ရှင် Shock ကတော့ ထို Drone ကို ၁၇ မိနစ် မောင်းနှင်ပြီး မြေပြင်ပေါ် ပြန်လည် ဆင်းသက်ဖို့ ရည်ရွယ် ထားခဲ့ပေမယ့် ခဲနဲ့ ပေါက်ခံ လိုက်ရတာကြောင့် ထိန်းချုပ်မှု မဲ့ခဲ့ ရတယ်လို့ ဆိုပါတယ်။

Shock ဟာ Drone ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစား ရာမှာတော့ Drone ရဲ့ ဒလက် ၂ ခုဟာ သူ့ရဲ့ မျက်နှာကို ထိခိုက်လု နီးပါးဖြစ်ခဲ့ ရပါတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_72.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...