အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 10, 2015

မကောင်းဆိုးဝါးလို့ အမည်တပ်ခံ ခဲ့ရတဲ့ နောက်ကျောမှာ ခြေနှစ်ချောင်းအပိုနဲ့ လူ




အိန္ဒိယ အမျိုးသား တစ်ယောက်ဟာ ခြေထောက် လေးချောင်းနဲ့ မွေးဖွား လာခဲ့ပြီး ရွာသားတွေက မကောင်းဆိုးဝါး လို့ သမုတ်မှုကြောင့် အပယ်ခံ ဘ၀ကို ရောက်ရှိ ခဲ့ရပါတယ်။

Arun Rajput အမည်ရ အမျိုးသားဟာ ခြေထောက်နှစ်ချောင်း အပိုပါကာ မွေးဖွား လာတာဖြစ်ပြီး parasitic twin ခေါ် မိခင် ၀မ်းတွင်းက ပိုမိုသေးငယ်တဲ့ အမွှာသန္ဓေသား တစ်ဦးက ဖွံ့ ဖြိုးမှု မရှိဘဲ ဖွံ့ ဖြိုးမှု ရှိတဲ့သန္ဓေသားမှာ အင်္ဂါ အစိတ် အပိုင်းစု တစ်ရှူးတွေ ပေါင်းစည်း သွားမှုကြောင့် ကျောကုန်းမှာ ခြေထောက်နှစ်ချောင်း အပိုနဲ့  မွေးဖွား လာတာ ဖြစ်နိုင်တယ်လို့ ယုံကြည် ရပါတယ်။

ယခုအခါ အသက် ၂၀ ရှိပြီဖြစ်တဲ့ Rajput ဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ Uttar Pradesh ပြည်နယ်၊ ဝေးလံခေါင်သီတဲ့ Farrukhabad ရွာလေးက ရွာသူ ရွာသားရဲ့ စွန့် ပစ်ရှောင်ကြဉ် မှုကြောင့် တစ်ကိုယ်တော် နေထိုင်နေ ရတယ်လို့  ပြောပြ ခဲ့ပါတယ်။

“လူတွေက ကျွန်တော့်ကို ရယ်ကြတယ်။ ကျွန်တော်က မကောင်း ဆိုးဝါးတဲ့။ ကျွန်တော်က တစ်မူ ထူးခြားနေတာ မို့ ဒီကလူ ဘယ်သူမှ ကျွန်တော့်ကို အလေး မထားကြဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ ထဲက သာမန်လူ တစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။ ကျွန်တော်လည်း တခြားယောင်္ကျားသားတွေ လိုပဲ အလုပ် လုပ်ချင်တယ်” လို့ Rajput က ဆိုပါတယ်။

ယခုလို ခန္ဓာကိုယ် မူမမှန်ချို့ ယွင်းမှုကြောင့် Rajput ဟာ လူလားမြောက်စဉ် ကတည်းက လှောင်ပြောင် သရော်မှု တွေ ခံခဲ့ရပြီး၊ ဒေသခံ ရွာသားတွေက သူတို့ မိသားစုဟာ ကျိန်စာ သင့်ထား တာဖြစ်တယ်လို့  ယုံကြည် ထားကြ ပါတယ်။

မွေးချင်းလေးယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ Rajput ဟာ ပညာကောင်းကောင်း သင်ယူပြီး သူ့ ရဲ့ ကျောင်းဆရာ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ အတွက် ခွဲစိတ် ကုသမှု ခံယူဖို့ ကို လိုလားလျက် ရှိပါတယ်။

Rajput ရဲ့ ဆင်းရဲတဲ့ သူရင်းဌားမိဘတွေဟာ Rajput ကလေးတုန်းက ဆရာဝန်ပေါင်းစုံဆီခေါ်ယူပြသခဲ့ပေမယ့် ခွဲစိတ် ကုသမှုစရိတ်ဟာ မတန်တဆ များပြားလွန်းတာကြောင့် လက်လျော့ပြန် ခဲ့ရတယ်လို့ သိရပါတယ်။

Rajput ရဲအမေဖြစ်သူ၊ အသက် ၄၅ နှစ် အရွယ် Lila Devi က “သူ့ ကို လက်ထပ်ပြီး ၁၂ နှစ် အကြာမှာ မွေးတာပေါ့။ သူ လောကကြီး ထဲရောက်လာ တာကို မျှော်လင့်တကြီးနဲ့ စောင့်နေခဲ့ပြီး သူမွေးလာတော့၊ ကျွန်မ မျက်လုံးတွေကို ကျွန်မ မယုံနိုင်ခဲ့ဘူး” လို့ ပြန်ပြောပြ ပါတယ်။

“လူတွေက သူ့ ကို မကောင်းတဲ့ နာမည်မျိုးစုံနဲ့ ခေါ်ကြတယ်။ မကောင်းဆိုးဝါးလို့ အခေါ်ခံရတဲ့ အချိန်က ကျွန်မ အတွက် နာကျင်ရဆုံးပါပဲ”

အခုအခါမှာတော့ Rajput နဲ့ မိခင်ဖြစ်သူဟာ Rajput တစ်ယောက် သာမန်ဘ၀ အတိုင်းနေထိုင် ရှင်သန်သွားနိုင် ဖို့ အတွက် ခွဲစိတ် ကုသပေးမှုကို မျှော်လင့် စောင့်စားလျက် ရှိကြပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/12/blog-post_10.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...