အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

၇ ပေါင် အလေးချိန်ရှိတဲ့ ဆေးခြောက်တွေ အိမ် တစ်အိမ်ရှေ့မှာ မေ့ကျန်ခဲ့




အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် ၊ အာလင်းတန် မြို့ က မိသားစု တစ်စုဟာ သူတို့ အိမ်တံခါးဝမှာ လာပို့ သွားတဲ့ ၇ ပေါင်အလေးချိန်ရှိ ဆေးခြောက် ပါကင် ဗူးကြီးကို လက်ခံ ရရှိပါသတဲ့။

ရဲတွေအဆိုအရ ပို့ဆောင်ပေး ရမယ့် လိပ်စာက မှန်နေပေမယ့် ပါဆယ်ပေါ်မှာ ရေးထားတဲ့ နာမည်ကတော့ မိသားစုဝင်တွေ ထဲက နာမည်တွေနဲ့ မတူဘူးလို့ သိရပါတယ်။

ပြောရေး ဆိုခွင့်ရှိသူ ရဲအရာရှိ Christopher Cook က ပစ္စည်းပြန် ပို့ပေးရမယ့် လိပ်စာကို ရှာဖို့ ပါဆယ်ကို ဖွင့်လိုက် ချိန်မှာမှ အထဲမှာ ဘာတွေ ပါတယ်ဆိုတာကို သိရှိ သွားကြတာလို့ ဆိုပါတယ်။

“ ပြီးတော့ အစိမ်းရောင် အရွက်လို ဟာတွေကို တွေ့ပြီး အနံ့ကလည်း ဆေးခြောက်နံ့ ဖြစ်နေလို့ သူတို့ အထင် တစ်ယောက် ယောက်က လုပ်ကြံတယ် ထင်တဲ့ အတွက် ကျွန်တော်တို့ကို သူတို့ တကယ်ကို ထိတ်လန့် သွားကြတယ် သိသာ လွန်းတော့ ကျွန်တော်တို့လည်း ဒီမိသားစု ဘာမှ မလုပ်ထားဘူး ဆိုတာကို ချက်ချင်းပဲ သိရတာပေါ့” လို့လည်း ထပ်မံပြောကြား ထားပါသေးတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_2.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...