အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 28, 2016

အေးခဲနေတဲ့ ငါးတစ်ကောင် ရေနွေးထဲတွင် အရည်ပျော်ကာ အသက်ပြန်ဝင်လာ




အေးခဲနေတဲ့ ငါးတစ်ကောင် ရေနွေးထဲမှာ အသက် ပြန်ဝင် လာကာ လှုပ်ရှားပြီး သူ့ဘာသာ သူ ရေကူးနေတဲ့ ဗီဒီယို တစ်ခုကို တရုတ်ပြည် ကနေ ရရှိခဲ့ ပါတယ်။

အဲ့ဒီဗီဒီယို ကိုတော့ လွန်ခဲ့တဲ့ သောကြာနေ့က Jiangsu ပြည်နယ်မှာ ရိုက်ကူး ခဲ့တာပါ။ လူတစ်ယောက်က အေးခဲနေတဲ့ ငါးကို ရေခဲ သေတ္တာထဲ ကနေ ထုတ်ယူပြီး ရေဇလုံထဲကို ထည့်လိုက်တဲ့ အခါမှာ ကျန်းမာနေတဲ့ ငါးလို ပြုမှုပုံကို တွေ့ရမှာပါ။

အေးခဲနေတဲ့ ငါးက ဖြည်းဖြည်းချင်း အရည်ပျော် လာပြီးတော့ ၁ မိနစ်လောက် ကြာတော့ ဖြည်းညှင်းစွာ စတင် လှုပ်ရှား လာတာ ဖြစ်ပါတယ်။

ငါးက ပိုပြီးမြန်မြန် လှုပ်ရှားလာကာ ကျန်းမာ သန်စွမ်းတဲ့ ငါးတစ်ကောင် အတိုင်း ထင်ရ ပါတယ်။

ဗီဒီယိုထဲက အဖြစ်အပျက် တွေဟာ ငါးရဲ့ခန္ဓာကိုယ် တွင်းက အအေး ဒဏ်ခံ ပရိုတင်း တွေကြောင့် အေးခဲမှု ဖြစ်စဉ်မှာ ငါးရဲ့ဆဲလ်တွေကို မဖျက်ဆီး နိုင်တာ ဖြစ်နိင် တယ်လို့ ကျွမ်းကျင် သူတွေ ကတော့ ပြောကြ ပါတယ်။


Ref : UPI

Originally published at - http://knowledge.thithtoolwin.com/2016/01/blog-post_43.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...