အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 30, 2016

များများ ပြုံးပြပါ




လူသား အချင်းချင်း တွေ့တွေ့ချင်း မှာပဲ ချစ်ကြည် ရင်းနှီးစေတဲ့ အရာက ပြုံးပြခြင်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့ အခါ အရင်ဆုံး ပြုံးပြ တာဟာ လူမှု ဆက်ဆံရေး အတွက် အကောင်းဆုံး လက်နက်ပါ။

တစ်ခါတစ်ရံမှာ ပြုံးပြဖို့ ကျွန်တော်တို့ မေ့နေ တက်ကြ ပါတယ်။ တစ်ခါ တစ်ခါ စိတ်မကြည်လို့ ပြုံးမပြ ဖြစ်လိုက် တာမျိုးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဘာကြောင့် အမြဲတမ်း ပြုံးရွှင်နေ သင့်သလဲ ဆိုတဲ့ အကြောင်းပြချက် ၁၀ ခု ရှိပါတယ်။

၁။ ပြုံးရယ်ခြင်းက သင့်ကို စွဲဆောင်မှု ပိုရှိစေ ပါတယ်။ အပြုံးဟာ သင့်ရဲ့ရုပ်ရည်ကို ပိုပြီး ကြည့်ကောင်း သွားစေပါတယ်။

၂။ ပြုံးခြင်းက လူကိုပိုပြီးပျော်ရွှင် လာစေပါတယ်။ အံ့သြ မသွားပါနဲ့။ သင်ပြုံးလိုက်တဲ့အခါ စိတ်ကပိုပြီး ပျော်လာ ပါလိမ့်မယ်။

၃။ ကျန်းမာရေး အတွက်လည်း ကောင်းပါတယ်။ ခဏခဏ ပြုံးတဲ့ အခါ သွေးဖြူဥတွေ များများ ထွက်လာပြီး သင့်အတွက် ခန္ဓာကိုယ် ဇီဝလည်ပတ်မှု ပိုအားကောင်း စေတယ်လို့ ဆိုပါတယ်။

၎။ ပြုံးခြင်းက သင့်ကို ခေါင်းဆောင်ကောင်း တစ်ယောက် အဖြစ် ပိုပြီးပီသ စေပါတယ်။ ခေါင်းဆောင်ကောင်း ပီသစေတယ် ဆိုပေမယ့် ပြုံးနေရုံနဲ့ပိုပြီး ထူးချွန် ထက်မြက်တဲ့ ခေါင်းဆောင် ဖြစ်မလာနိုင် ပါဘူး။



၅။ သူစိမ်းတွေနဲ့ စတွေ့တွေ့ချင်း ပြုံးပြခြင်းဟာ သင့်ရဲ့ ပုံပန်းသွင်ပြင်ကို ပိုပြီး ကြည့်ကောင်းစေပါတယ်။

၆။ ပိုပြီး ယုံကြည်မမှု ရှိလာစေပါတယ်။ တစ်စုံတစ်ဦးကို သင်ကမြင်တိုင်း ပြုံးပြတဲ့ အခါ သင်တို့ကြားမှာ အပြန်အလှန် လေးစားမှု တည်ဆောက်ပြီးသား ဖြစ်သွားစေပါတယ်။

၇။ အပြုံးက ပိုက်ဆံ မပေးရပါဘူး။ ပြုံးပြ လိုက်ခြင်းကြောင့် အကျိုးယုတ်လျော့ သွားတယ်ဆိုတာ မရှိပါဘူး။ ပူဆွေးနေတဲ့ သူတစ်ယောက်ကို အချိန်အခါ ကြည့်ပြီးတောင် သင်ပြုံးပြနိုင်ပါတယ်။

Source : Elite

Photos : globaltoynews.typepad.com

Originally published at - http://www.duwun.com.mm/lifestyle/


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...