အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 21, 2016

ကမ္ဘာ့လူဦးရေ တ၀က်၏ ပိုင်ဆိုင်မှုကို လူချမ်းသာ ၆၂ ဦးက ပိုင်ဆိုင်




ကမ္ဘာ့ လူဦးရေ တ၀က်ရဲ့ ပိုင်ဆိုင်မှုကို လူချမ်းသာ ၆၂ ဦးက ပိုင်ဆိုင် တယ်လို့ ချို့တဲ့ သူတွေကို ကူညီနေတဲ့ အောက်က်စ်ဖမ်း (Oxfam) က ထုတ်ပြန် ပါတယ်။

ကမ္ဘာ့ လူဦးရေ တ၀က် ၃ ဒသမ ၅ ဘီလီယံ ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၇၆ ထရီလီယံကို လူချမ်းသာ ၆၂ ဦးက ပိုင်ဆိုင် တယ်လို့ ဇန်န၀ါရီ ၁၈ ရက်က ထုတ်ပြန် ပါတယ်။

၂၀၁၀ ခုနှစ် ကတည်းက လူချမ်းသာ aတွရဲ့ ပိုင်ဆိုင်မှုက ၄၄ ရာခိုင်နှုန်း အထိ တိုးလာ သလို နှစ်စဉ် အစိုးရ aတွကို ပေးရမယ့် အခွန် ဒေါ်လာ ၁၉၀ ဘီလီယံ နီးပါးကိုလည်း ရှောင်ရှားနိုင် ခဲ့တယ်လို့ ဆိုပါတယ်။

၃ ဒသမ ၅ ဘီလီယံသော ကမ္ဘာ့ လူဦးရေရဲ့ ကြွယ်ဝ ချမ်းသာမှုက တနှစ်ထက် တနှစ် လျော့နည်း လာသလို အရင် ဆယ်စုနှစ် မှာတော့ ၁ ထရီလီယံလောက် အထိပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ချမ်းသာကြွယ်ဝမှု ကတော့ လူနည်းစု ဆီကိုပဲ ရောက်နေ သလို လူအများစု ကတော့ ဆင်းရဲနေဆဲ ဖြစ်တယ်လို့ အောက်က်စ်ဖမ်းက ရေးပါတယ်။

၂၀၁၀ မှာတော့ ကမ္ဘာ့လူဦးရေ တ၀က်ရဲ့ ပိုင်ဆိုင်မှုကို လူ ၃၈၈ ဦးက ပိုင်ဆိုင် ထားတယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/131755


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...