
ရုရှားနိုင်ငံ မော်စကိုက တိရစ္ဆာန် ဥယျာဉ် တခုမှာ မြောက်ဝင် ရိုးစွန်း ဒေသက ပိုလာ ၀က်ဝံဖြူ ရေပုံးနဲ့ ရေခပ်သောက်နေတဲ့ ဖြစ်ရပ်ကို အပျော်တမ်း ဓာတ်ပုံ ဆရာ အိုလာဂါ ဒီမစ်ထရီဗာက မှတ်တမ်းတင် ရိုက်ကူး ခဲ့ပါတယ်။
ရေဆာ နေပုံရတဲ့ ၀က်ဝံက ကြီးမားတဲ့ ရေပုံးနဲ့ ဆော့ကစား နေပြီး နောက်ပိုင်း မှာတော့ ရေပုံးကို မြှောက်ကာ ပါလာတဲ့ ရေတွေ အားလုံး သောက်ချ နေတဲ့ ပုံကို အမိအရ မှတ်တမ်း တင်နိုင်ခဲ့ ပါတယ်။
ပိုလာ ၀က်ဝံတွေကို ချစ်သလို တိရစ္ဆာန် ဥယျာဉ်မှာ သူတို့ရဲ့ လှုပ်ရှားမှုကို မှတ်တမ်း အဖြစ် ရိုက်ယူ ရတာ ၀ါသနာ တခုလို ဖြစ်နေ တယ်လို့ ဒီမစ်ထရီဗာက ပြောပါတယ်။
ဝက်ဝံဟာ ကစားနေပုံ ရပြီး ရေပုံးဟာ သူ့အတွက် အရုပ်သစ် တခုလို ဖြစ်နေ တယ်လို့လည်း ဆိုပါတယ်။





ဓာတ်ပုံ – Caters News Agency
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131716

No comments: