အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, January 19, 2016

အင်္ဂါဂြိုဟ်ပေါ်တွင် ဂေါ်ရီလာ မျောက်ဝံနှင့် ကုလားအုတ် ပုံသဏ္ဌာန်များ တွေ့ရှိ




နာဆာက အင်္ဂါဂြိုဟ် ပေါ်မှာ ထောက်လှမ်းဖို့ စေလွှတ် ထားတဲ့ ဘူမိဗေဒ သိပ္ပံ စက်ရုပ် ဆီက ဂေါ်ရီလာ မျောက်ဝံ တကောင်နဲ့ ကုလားအုတ် တကောင်ရဲ့ ပုံတွေလို့ ယူဆ ရတဲ့ ပုံတွေကို ရရှိခဲ့ တယ်လို့ ဗြိတိန် အခြေစိုက် မေရာ သတင်းမှာ ဇန်န၀ါရီလ ၁၈ ရက်နေ့က ဖော်ပြ ပါတယ်။

နေဆီကနေ လေးလုံးမြောက်နေရာမှာ တည်ရှိတဲ့ အဲဒီဂြိုဟ်ပေါ်မှာ ဂေါ်ရီလာပုံသဏ္ဌာန်ကို အရင်က တွေ့ရှိခဲ့ဖူးပေမယ့် အဲဒီအနားက ကုလားအုတ်နဲ့တူတဲ့ ပုံသဏ္ဌာန်ကိုတော့ ခုမှ ထပ်ပြီးတွေ့ရတာလို့ ဆိုပါတယ်။

တချို့က ဒီပုံဟာ မိခင်နဲ့ ၀က်ဝံသားငယ်လေး ပုံသဏ္ဌာန် ဖြစ်နေတယ်လို့ ပြောဆိုနေကြတာပါ။

ဒီဝေဖန်မှုတွေဟာ မစ်စ်တာအင်နစ်ဂ်မာအမည်နဲ့ ယူကျူအသုံးပြုသူတဦးက ထူးဆန်းတဲ့ တွေ့ရှိမှုအဖြစ် အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။

သူဟာ နာဆာ စုံစမ်းထောက်လှမ်းမှုမှ ရရှိတဲ့ တွေ့ရှိချက်တွေကို ၂၀၁၂ ခုနှစ်ကတည်းက ပြန်လည်သုံးသပ် မျှဝေလေ့ရှိတယ်လို့ သတင်းက ဆိုပါတယ်။

ဒီဗွီဒီယိုဖိုင်အညွှန်းမှာ သူက “ဒီပုံကို နာဆာက စေလွှတ်ထားတဲ့ ဘူမိဗေဒ သိပ္ပံစက်ရုပ်ဆီကနေ ရခဲ့တာပါ။ ခုလို တွေ့ရှိမှုဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ပျောက်ဆုံးခဲ့တဲ့ မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့မှုတခုက လာတာဖြစ်နိုင်တယ်” လို့ ရေးခဲ့တာပါ။

“ကျနော်တို့ ဒီပုံကို အရောင်နည်းနည်း ထပ်ထည့်လိုက်မယ်ဆိုရင် ခုမြင်နေရတာတွေဟာ ပိုပြီး ထင်သာမြင်သာ ရှိလာလိမ့်မယ်။ အနီးကပ်မြင်ကွင်းကို ချဲ့ကြည့်မယ်ဆိုရင် ကျနော်တို့ တွေ့ရတာ ဂေါ်ရီလာ မျောက်ဝံလား၊ ၀က်ဝံလားဆိုတာ သိနိုင်မယ်။ ဒီ့ထက်ပို ထူးဆန်းတာက အနားမှာတွေ့ရတဲ့ သေးငယ်တဲ့ အရာဟာ မွေးကာစ အကောင်ပေါက်စလေး ဖြစ်နေသလား ဆိုတာပဲ။”

အင်္ဂါဂြိုဟ်ပေါ်ကို ခုလိုစုံစမ်းနိုင်ဖို့ စက်ရုပ်စေလွှတ်ပြီး နောက်ပိုင်းမှာ တွေ့ရှိရတဲ့ ထူးဆန်းတဲ့ အရာတွေနဲ့ မျိုးစိတ်တွေ တည်ရှိမှုအကြောင်းကို အာကာသ စူးစမ်းလေ့လာသူတွေက တစုံတရာ သတ်မှတ်ချက်ပေးဖို့ တောင်းဆိုကြပေမယ့် နာဆာကတော့ ငြင်းဆိုထားခဲ့တာပါ။

အငြင်းပွားဖွယ်ဖြစ်နေတဲ့ ပုံသဏ္ဌာန်တွေကြားမှာ မျောနေတဲ့ဇွန်းကြီး၊ ကင်းမြီးကောက်ကြီး၊ အာကာသထဲက ကဏန်း၊ ဗုဒ္ဓရုပ်ပွားတော်၊ အင်္ဂါဂြိုဟ်မှ ကျောက်တုံးလက်ရာ စသဖြင့် ငြင်းခုံနေကြဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/131520


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...